Pages

Friday, July 18, 2014

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် ဆောင်ရွက်လျက်ရှိ



ရန်ကုန် ၊ ၁၈-၇-၂၀၁၄

ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အဦများ ရှိနေသည့် ပုဂံဒေသ အား ကမ္ဘာ့ အမွေအနှစ် စာရင်း ၀င်နိုင်ရန် တင်သွင်း သွားမည် ဖြစ်ရာ ထိုသို့ အမွေအနှစ် စာရင်း ၀င်ရောက် နိုင်ရန်အတွက် ယူနက်စကို နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည့် အပြင် သတင်း အချက်အလက် အပြည့်အစုံ ရရှိရန် ကောက်ခံခြင်း များကို စတင် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ၊ အမျိုးသား ပြတိုက် နှင့် အမျိုးစား စာကြည့်တိုက် ဦးစီးဌာန မှ သိရသည်။

" ပျူရှေးဟောင်း ဒေသတွေ ဖြစ်တဲ့ ဟန်လင်း ဗိဿနိုး ၊ သရေ ခေတ္တရာ တို့လို ကမ္ဘာ့ အမွေအနှစ် စာရင်း ၀င်အောင် ပုဂံဒေသ ကိုလည်း စာရင်းတင်ဖို့ ပြင်ဆင် နေပါတယ် ၊ ဒီလို တင်ဖို့က ချက်ချင်းတော တင်လို့ မရဘူး ၊ တစ်နှစ်ခွဲ ကြိုတင်ရတယ် ၊ အနည်းဆုံး သုံး ၊ လေးနှစ်လောက် ကြာလိမ့်မယ် ၊ အခု ယူနက်စကို က ဘယ်လို လုပ်မလဲ ဆိုတာကို လာရောက် ညှိနှိုင်းတာ ဖြစ်ပါတယ် " ဟု အဆိုပါ ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင်ဦး က ပြောသည်။

ပုဂံဒေသ သည် မြန်မာနိုင်ငံ ၏ ရှေးဟောင်း အမွေအနှစ် စေတီ ၊ ပုထိုး ၊ ဂူ ၊ ကျောင်းများ တစ်စု တစ်ဝေးတည်း တည်ရှိနေသော ရှေးဟောင်း ယဉ်ကျေးမှုဇုန် နေရာဖြစ်ပြီး နိုင်ငံတကာ နှင့် ယူနက်စကို ၏ စိတ်ဝင်စားမှု ခံရသော ဒေသ တစ်ခုလည်း ဖြစ်သည်။

" ပုဂံနဲ့ ပတ်သက်လို့ လောလောဆယ် မှာ သတင်း အချက်အလက် ပြည့်စုံအောင် ကောက်ခံ နေတယ် ၊ ပိုပြီး ပူးပေါင်း ဆောင်ရွက် နိုင်အောင် လုပ်ဆောင် နေပါတယ် " ဟု ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး က ပြောသည်။

" ပုဂံမှာ ရှေးဟောင်း စေတီ ပုထိုးတွေ အများကြီး ရှိတယ် ၊ အချို့ ရှေးဟောင်း စေတီပုထိုး တွေက မူလလက်ရာ အတိုင်း မရှိတော့ ပေမယ့် ကိုးကွယ်မှု ဆိုင်ရာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ အမွေအနှစ် စာရင်း ၀င်ရောက် နိုင်ပါတယ် " ဟု ယူနက်စကို မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

မြတ်လေးငုံ

#Themyawadydaily

No comments:

Post a Comment