Pages

Tuesday, July 22, 2014

မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ ၁၂ နိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၅၀ ခန့်ဆုံးရှုံး


ရန်ကုန် ၊ ၂၂-၇-၂၀၁၄

မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံ ၁၂ နိုင်ငံ၌ ဆယ်စုနှစ် တစ်ခုအတွင်း သွေးလွန် တုပ်ကွေး ရောဂါကြောင့် နိုင်ငံအလိုက် နစ်နာဆုံးရှုံးမှု ပမာဏမှာ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းပေါင်း ၉၅ဝ ခန့် ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် နှင့် ဒေသန္တရ သတင်း အချက်အလက် များအပေါ်တွင် အမေရိကန် နိုင်ငံ သုတေသန အဖွဲ့တစ်ဖွဲ့၏ လေ့လာ ဆန်းစစ်ချက် အရ သိရသည်။

လေ့လာ ဆန်းစစ်ချက် အရ ဘူတန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံတို့၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဆယ်စုနှစ် တစ်ခုအတွင်း နိုင်ငံအလိုက် နစ်နာ ဆုံးရှုံးမှု ပမာဏမှာ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းပေါင်း ၉၅ဝ ခန့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု လျှော့ချနိုင်ရန် နှင့် ဆုံးရှုံးမှု တန်ဖိုးများ လျော့နည်း သွားစေရန် အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် နှင့် အလှမွေး ငါးလုပ်ငန်းရှင်များ အသင်းတို့က နိုင်ငံတော်နှင့် အများ ပြည်သူ အကျိုးစီးပွား အတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေး နှင့် ပညာပေး ရှေ့ပြေး အစီအစဉ် ( Pilot Scale ) တစ်ခုကို စမ်းသပ် အကောင် အထည်ဖော်မည် ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ခြင် အမြောက်အမြား ပေါက်ပွားသည့် နေရာများရှိ ပိုးလောက်လမ်း နှိမ်နင်းရေး အတွက် ပိုးလောက်လမ်း များ ဖမ်းဆီးရန် ဆန်ခါများ ကိုလည်း အလှမွေး ငါးလုပ်ငန်းရှင် အသင်းမှ ပံ့ပိုး ပေးသွားမည် ဖြစ်ပြီး ဖမ်းဆီး ရရှိသော ပိုးလောက်လမ်း များကို အလှမွေးငါး ကျွေးရန်အတွက် ဝယ်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။ 

ထက်နေ

#Themyawadydaily

No comments:

Post a Comment