Pages

Tuesday, July 22, 2014

တိုင်းရင်းသား ပြည်သူလုထု အပေါင်းတို့၏ တာဝန်


တိုင်းရင်းသား ပြည်သူလုထု အပေါင်းတို့၏ တာဝန်

နိုင်ငံတိုင်းသည် မိမိတို့၏ အချုပ်အခြာ အာဏာကို ထိန်းသိမ်း စောင့်ရှောက် ရမည့် တာဝန်မှာ အကြီးမားဆုံး တာဝန် ဖြစ်သည်။ ထို့ကြောင့် နယ်နိမိတ် ပိုင်းခြား ထား၏။ စည်းရိုးကြီးများ ခြားထား ၏။ တံတိုင်း ကြီးများ ကာရံ ထား၏။ သို့တိုင်အောင် လုံခြုံ စိတ်ချရပြီဟု မဆိုနိုင်ပေ။

ယနေ့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ သက်တမ်း ကာလအတွင်း နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှုများ သိသိသာသာ တွေ့မြင် လာရ သကဲ့သို့ အောက်ခြေ အဆင့်ဆင့်တွင် မပြုပြင် မပြောင်းလဲ နိုင်သေးသည့် အမူ အကျင့်များ၊ လုပ်ထုံး လုပ်နည်းများ ရှိနေသေး သည်မှာလည်း ငြင်းနိုင် ဖွယ်ရာ မရှိသည်မှာ သေချာသည်။

ထို့ပြင် အသင်းအဖွဲ့များ၊ အရပ်ဘက် လူ့အဖွဲ့အစည်း များ ဖွဲ့စည်း ထွန်းကား လာသကဲ့သို့ မိမိတို့၏ ရပိုင်ခွင့် များကို တရားဥပဒေ နှင့်အညီ တောင်းဆိုမှု၊ ဥပဒေကို မျက်ကွယ် ပြု၍ မိမိတို့ အရေး ရှေ့တန်းတင် လာမှုများ လည်း တွေ့ရ၏။ အချို့ ဒေသများတွင် တာဝန်ရှိ သူများနှင့် ညှိနှိုင်း ဖြေရှင်း ဆောင်ရွက် ပေးနိုင်သည် များလည်း ရှိသည်။ အထူးသဖြင့် ပြည်သူတို့၏ အကျိုး စီးပွားကို စောင့်ရှောက် သည့် သတင်းများ ကိုလည်း တွေ့ရသည်။

ယနေ့ ကမ္ဘာကို ကြည့်လျှင် လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး၊ အာဏာ ရရှိရေး စသည်ဖြင့် အယူသီး အစွဲအလမ်း ကြီးမှုများ၊ လောဘဇော တိုက်မှုများ၊ အတ္တမင်းမူ နေသူများ ကြောင့် ကမ္ဘာ့နေရာ အတော် များများတွင် မီးခိုးငွေ့ တလူလူ၊ ယမ်းနံ့ လွှမ်းလျက် ရှိသည်ကို နေ့စဉ်မပြတ် တွေ့မြင် ဖတ်ရှု နေရသည်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်ခံ အကြမ်းဖက် သမားများ၏ အန္တရာယ် မှာလည်း ကြောက်ဖွယ် ကောင်းလှသည်။

နိုင်ငံတွင်း၌ ပြည်သူ အပေါင်းက ငြိမ်းချမ်းစွာ နေထိုင်လို ကြသည်။ မပြောပ လောက်သည့် လူတစ်စု၏ ပဋိပက္ခ ဖြစ်မှုကြောင့် မဖြစ်သင့် မဖြစ်ထိုက် သည့် အမှုကိစ္စများ ဖြစ်ပွား ခဲ့ရသည်မှာ ဝမ်းနည်းဖွယ် ဖြစ်သည်။ အေးချမ်း သာယာသော ဘဝကို လျှောက်လှမ်း နိုင်ရန် ပြည်သူ တစ်ရပ်လုံး တွင်လည်း တာဝန်ရှိမှု၊ တာဝန်သိမှု လိုပေသည်။

သို့ဖြစ်ရာ နိုင်ငံ့ အားသည် ပြည်တွင်း၌သာ ရှိသည်။ ပြည်တွင်း စည်းလုံး ညီညွတ်မှုသည် တိုင်းရင်းသား လူမျိုးေ ပါင်းစုံတို့၏ တွဲလက်များ အပေါ် မူတည်သည်။ နိုင်ငံတော် ဘေးကင်း လုံခြုံစေရေး အတွက် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ တာဝန် ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသား ပြည်သူလူထု အပေါင်းတို့က အမျိုးသားရေး အသိ၊ အမျိုးသားရေး သတိဖြင့် လက်တွဲ ပါဝင် ပူးပေါင်း ဆောင်ရွက်မှ သာ နိုင်ငံ၏ စစ်မှန်သော တည်ငြိမ် အေးချမ်းမှု၊ လုံခြုံ စိတ်ချရမှု တို့ကို အပြည့်အဝ ခံစား နိုင်ကြမည် ဖြစ်ပါကြောင်း ရှုမြင် ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment