Pages

Saturday, July 19, 2014

မူးယစ်ဆေးဝါး နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


မောင်မခေါင်နော် (ခ) နော်ဆန်း ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်း နှင့် Remote Control တို့အား တွေ့ရစဉ်


မောင်မခေါင်နော် (ခ) နော်ဆန်း မှ မိုင်းထောင်ထားသည့် နေရာအား ပြသစဉ်

ဖားကန့် ၊ ၁၉-၇-၂၀၁၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်မဖြစ် ကျေးရွာ၌ ဇူလိုင်လ ၁၂ ရက် ညနေ ၅ နာရီခွဲ ခန့်က တပ်မတော် စစ်ကြောင်း နှင့် မူးယစ် တပ်ဖွဲ့ဝင် များက သတင်းအရ သွားရောက် ရှာဖွေရာ ဆိုင်းဂျာ ရပ်ကွက်(၂) မှ မဂျာလှိုင် ၏ နေအိမ် နှင့် ခြံဝင်း အတွင်းမှ အ၀တ်ဘိန်း ( အဆင့်နိမ့်ဘိန်း ) အထုပ် ၂ ထုပ် ၊ အလေးချိန် ၂၀၀ ဂရမ် ခန့်ကို လည်းကောင်း ၊ မောင်မခေါင်နော် (ခ) နော်ဆန်း ၂၆ နှစ် (ဘ) ဦးတူးဂမ် ရှရွယ် နေအိမ် အတွင်းမှ အ၀တ်ဘိန်း ( အဆင့်နိမ့်ဘိန်း ) အထုပ် ၂ ထုပ် ၊ အလေးချိန် ၁၇၅ ဂရမ်ခန့် နှင့် အနီရောင် သံဘူး အတွင်းမှ ပွိုင့် ၂၂ လုပ်သေနတ် တစ်လက် ၊ ၄င်းကျည် ၁၇ တောင့် ၊ ဓာတ်ခဲခြောက် ၁၀ လုံး ၊ ၇၇၇ တံဆိပ် နှင့် GP တံဆိပ်ပါ လေးထောင့်ပုံ ဓာတ်ခဲခြောက် ၂ လုံး နှင့် မိုင်းခွဲရာတွင် အသုံးပြုသည့် ဧရိယာတိုင်ပါ Remote Control ၃ ခုတို့ကို လည်းကောင်း ရှာဖွေ သိမ်းဆည်း ရမိသည်။

အဆိုပါ ဖမ်းဆီး ရမိ တရားခံများ အနက် မောင်မခေါင်နော် (ခ) နော်ဆန်း အား စိစစ် မေးမြန်းရာ ဒေသအခေါ် တန် ၃၀၀၀ ကျောက်စိမ်း ပြတိုက် ဆိုင်းဘုတ်မှ ဘယ်ဘက် တောင်ကြော အတက် တောလမ်း တစ်လျှောက် တွင် မိုင်းထောင် ထားကြောင်း သိရှိရသဖြင့် တပ်မတော် စစ်ကြောင်း နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၀င်များ ၊ မူးယစ် တပ်ဖွဲ့ဝင် များက သွားရောက် ရှင်းလင်း ရှာဖွေရာ ဇူလိုင်လ ၁၃ ရက်တွင် တိတ်အ၀ါ ဖြင့် ပတ်ထားသော အလျား ၄ လက်မ ၊ အနံ ၂ ဒသမ ၅ လက်မရှိ TNT ယမ်းထုပ် တစ်ထုပ် ၊ ၄င်းနှင့် တွဲဆက် ထားသော အလျား ၃ လက်မ ၊ အနံ ၁ ဒသမ ၅ လက်မရှိ PVC ပိုက်အတွင်း ဓာတ်ခဲ ၂ လုံး နှင့် ဆားကစ်ပြား တစ်ခုတို့ ချိတ်ဆက် ပြုလုပ် ထားသည့် ဒေသန္တရလုပ် Remote မိုင်းတစ်လုံး အား လည်းကောင်း ၊ ဇူလိုင်လ ၁၆ ရက်တွင် ထပ်မံ ရှာဖွေရာ ယခင်း မိုင်းနှင့် အရွယ်အစားတူ ဒေသန္တရလုပ် Remote မိုင်းတစ်လုံး အား လည်းကောင်း ကျောက်မြေစာပုံ များအတွင်းမှ တွေ့ရှိ ခဲ့သည်။

၎င်း တောင်ကြော လမ်းအား ဒေသခံ ပြည်သူများ အသုံးပြု ပါက အန္တရာယ် ကင်းရှင်း စေရေး အတွက် တွေ့ရှိမိုင်း ၂ လုံးအား စနစ်တကျ ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment