Pages

Thursday, June 12, 2014

ငွေတာရီမဂ္ဂဇင်း လစဉ်ရောင်စုံဓာတ်ပုံပြိုင်ပွဲ ( Outing အစီအစဉ် )


ငွေတာရီမဂ္ဂဇင်း လစဉ်ရောင်စုံဓာတ်ပုံပြိုင်ပွဲ ( Outing အစီအစဉ် )

ပြည်သူ့ရင်ပြင်

ပထမ - ဦးထွန်းဝေ


ယခုလ ပထမဆုရှင် ၀ါရင့် အသင်းသား ဦးထွန်းဝေ မှာ " ပြည်သူ့ရင်ပြင် " ခေါင်းစဉ် Outing ဓာတ်ပုံ ပြိုင်ပွဲကို အလေးအနက် ထား ကြိုးစား ရိုက်ကူး ထားသည်ကို မြင်တွေ့ ရသည်။ ပြည်သူ့ရင်ပြင် အတွင်း အသည်း ပုံသဏ္ဍာန် ပုံဖော်ထားသော ပန်းမုခ်ဦး အလှကို Fore Ground အဖြစ်ထား၍ အဝေးမှ ရွှေတိဂုံ စေတီတော်အား မီးအလှထိုးပုံ မြင်ကွင်းကို လှပစွာ ရိုက်ယူ ထားသည်။ ရွှေတိဂုံ စေတီတော် ၏ ညာဘက်တွင် တပေါင်းလပြည့်  ကို သစ်ပင်ခြောက် များအလှနှင့် တွဲ၍ ဖြည့်ထိန်း ရိုက်ကူး ထားသည်မှာ လွန်စွာ ရှုချင့်စဖွယ် ဖြစ်ပြီး ဦးထွန်းဝေ ၏ ကြိုးစားမှုကို သိမြင် နိုင်သည်။ အသည်းပုံ မုခ်ဦး၏ ပန်းအလှများ ပေါ်လွှင်စေရန် လျှပ်တစ်ပြက် မီးဖြည့်ပေး ပုံမှာလည်း ပညာသား ပါလှသည်။ ၂၀၁၄ ခုနှစ်အတွက် နှစ်ဦးပိုင်းတွင် ပင် ပထမဆုကြီး များ ဆက်တိုက် ရယူနိုင်ပါ၍ နှစ်လည် ဆုကြီးကို ဦးထွန်းဝေ အနေဖြင့် ဆက်လက် မျှော်မှန်းရန် ကြိုးပမ်း မည်မှာ မလွဲဟု ပြောလို ပါသည်။

ဒုတိယ - ဌေးဝင်း ( ရမ္မာဝတီ )


ဒုတိယဆု ရရှိသူ ကိုဌေးဝင်း ( ရမ္မာဝတီ ) မှာ ယခင်က ဓာတ်ပုံ ပြိုင်ပွဲများတွင် ဆုများ ရယူခဲ့သူ ဌေးဝင်း (ရမ်းဗြဲ) ပင် ဖြစ်မည်ဟု ထင်မိသည်။ ကိုဌေးဝင်း ၏ ဒုတိယ ဆုရပုံမှာ ညရှုခင်း အဖြစ် ပြည်သူ့ရင်ပြင် မှ ဆင်ရုပ်ခံ မီးရေပန်း အလှ ၊ ရွှေတိဂုံ စေတီတော် နှင့် လပြည့်ဝန်း တို့ကို ပါဝင် ဖွဲ့စည်း ရိုက်ကူး ထားသည်။ တပေါင်း လပြည့်ည အချိန်အခါ သမယတွင် ယခု မြင်ကွင်းကို အဝေးရိုက် မှန်ဘီလူး ( Long Telelens ) နှင့် ရိုက်ကူး ထားသည်။ ဓာတ်ပုံ ဖွဲ့စည်း တင်ပြပုံ လှပ ကောင်းမွန် လှပြီး အဝေး အနီး ပြတ်သားမှုလည်း ကြည်လင် ကောင်းမွန်လှ သည်။ ဆင်ရုပ်ခံ မီးရေပန်းရှေ့ရှိ ကျောက်ပြား အခင်းများ ပေါ်လွင်အောင် ရိုက်ကူ ထားသည်။  ပြည်သူ့ရင်ပြင် ၏ ညရှုခင်း မှတ်တမ်းဝင် ပုံကောင်း တစ်ပုံ ဖြစ်သည်။

တတိယ - ဇေယျာမင်း


မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ ဓာတ်ပုံ သင်တန်း အမှတ်စဉ် (၄၀) ဆင်း လူငယ် ဓာတ်ပုံ ပညာရှင် ကိုဇေယျာမင်း မှ တတိယ ရရှိခဲ့သည်။ ဆုရပုံမှာ နေ့ရှုခင်း အဖြစ် ပြည်သူ့ရင်ပြင် ဆင်ရုပ်ခံ ရေပန်းရှေ့တွင် ကလေးငယ် ၂ ဦး ဆော့ကစား နေပုံ ဖြစ်သည်။ နောက်ခံ ရွှေတိဂုံ စေတီတော် ကိုပါ ထည့်သွင်း ရိုက်ယူ ထားပြီး ရေပန်းများ အကြားတွင် ကလေး ၂ ဦး မြူးတူး ကစားနေပုံမှာ အသက်ဝင် လှုပ်ရှုားလျက် ရှိသည်။ ရေပန်းများ ဖွင့်သည့် ညနေပိုင်း အချိန်တွင်မှ ရိုက်ယူနိုင်ပြီး နေ့ခင်း အလင်း အနည်းငယ် အားပျော့ နေသော်လည်း ပုံကို လှပ ကောင်းမွန်စွာ ပြသ ရိုက်ကူး နိုင်သည်။

ညောင်ဦးဖိုးချို ( Hon; MPS, FMPS, PMPS )
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း

#Themyawadydaily

No comments:

Post a Comment