Pages

Thursday, June 12, 2014

ငွေတာရီမဂ္ဂဇင်း လစဉ်ရောင်စုံဓာတ်ပုံပြိုင်ပွဲ ( Model )


ငွေတာရီမဂ္ဂဇင်း လစဉ်ရောင်စုံဓာတ်ပုံပြိုင်ပွဲ ( Model )

စံပြအလှမယ် ( Model ) ရှင်ဝေနိုင်ဦး

ပထမ - ဇော်ဇော်ဝေ ( ဆင်ဖြူကျွန်း )


စံပြအလှမယ် ဓာတ်ပုံ ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း ၈၉ ပုံ ပေးပို့ ယှဉ်ပြိုင် ကြသည်။ စံပြမယ် ပြိုင်ပွဲများတွင် ပုံ အများဆုံး စံချိန်ဟု ဆိုရပါမည်။ ပထမဆု ကို အသင်းဝင် လူသစ် တစ်ဦးဖြစ်သူ ဇော်ဇော်ဝေ ( ဆင်ဖြူကျွန်း ) မှ ရရှိသည်။ လူသစ်တစ်ဦး အနေဖြင့် ယခုလို ဆုကြီးများ ရယူနိုင်သည်ကို ကြိုဆို ဂုဏ်ပြုပြီး ဆက်လက် ကြိုးစား ယှဉ်ပြိုင်ပါရန် အားပေး တိုက်တွန်း လိုက်ပါသည်။ စံပြမယ်အား အဝေးရိုက် မှန်ဘီလူး ဖြင့် ရိုက်ယူထားပြီး လက်အနေအထား ဖြတ်တောက် ရိုက်ယူပုံတို့ ကောင်းမွန် လှသည်။ Top Light ကြောင့် လည်းကောင်း ၊ နောက်ခံ ဖက်ဖူးစိမ်းရောင် ကြောင့် လည်းကောင်း ၊ စံပြမယ်မှာ နောက်ခံ နှင့် ခြားနား ကွဲပြား ပေါ်လွင်လျက် ရှိသည်။ စာရေးသူ အကြိုက် ဆိုရပါမူ စံပြမယ် ၏ မျက်လုံး အကြည့်ကို ယခု အနေထက် ကင်မရာသို့ တိုက်ရိုက် ကြည့်ပါက ပိုကောင်း ၊ ပိုလှမည် ဟု ယူဆမိ ပါသည်။ ဓာတ်ပုံ ဆေးသား အနေဖြင့် အတန်ငယ် ရင့်နေသယောင် ရှိပါသည်။

ဒုတိယ - ဦးထွန်းဝေ


ဝါရင့် ဓာတ်ပုံ ပညာရှင် ဦးထွန်းဝေ မှ စံပြ အလှမယ် ဒုတိယဆု ရရှိသည်။ စံပြမယ်အား ကိုယ်တစ်ပိုင်း အပြည့် ဖြတ်တောက် ရိုက်ယူထားပြီး နောက်ခံကား အဖြစ် ဘေးသို့ ဖြာထွက်နေသည့် ထန်းရွက်၏ အလှသည် ပုံကို ထူးခြား လှပမှုကို ဖြစ်စေသည်။ ခေါင်းပေါ်သို့ လက်တင် ထားသည်မှာလည်း လက်ချောင်း လေးများ အလှကို ကောင်းစွာ လှပပေါ်လွင် စေသည်။ မျက်လုံး အကြည့်မှာ မှန်ကန် ကောင်းမွန် သော်လည်း ဘယ်ဘက်မှ ဘေးတိုက် အလင်း ပေးသည်မှာ အောက်မှ ပင့်ထိုးသလို ဖြစ်နေပါ၍ အတန်ငယ် အရုပ်ဆိုး နေသည်။ ပုံ၏ ညာဘက်ထောင့်မှ ပခုံးသား လက်မောင်း မှာလည်း အတန်ငယ် ဖြူဖွေး နေပါ၍ ယခုထက် ပိုမို ရင့်ကူးသင့်သည်။ ဓာတ်ပုံ ဆေးသား ကြည်လင် ကောင်းမွန်ပါသည်။

တတိယ - မေစောလွင်


အသင်း၏ လူသစ် တစ်ဦးဖြစ်သူ မေစောလွင် မှာ ယခင်လ  စံပြမယ် ပြိုင်ပွဲတွင်လည်း ဒုတိယဆု ရခဲ့သည်ကို မှတ်မိနေသည်။ ယခု တတိယဆု ရ မေစောလွင် ၏ ပုံမှာ လည်ဆွဲပုတီး ကိုသာ လက်ဖြင့် လှပစွာ ကိုင်ထားနေပုံ ဖြစ်သည်။ Top Light အလင်းကြောင့် ခေါင်းပေါ်တွင် လည်းကောင်း ၊ လည်ဆွဲကိုင် လက်များ ပေါ်တွင် အလင်းကျနေပုံ မှာ လည်းကောင်း များစွာ လှပ နေသည်။ နောက်ခံ အမည်းတွင် ရိုက်ယူထား၍ ပုံမှာ လှပလုံးကြွ ပေါ်လွင်လျက် ရှိသည်။ မျက်နှာသို့ အလင်းပေးပုံ မှာ အနည်းငယ် အောက်မှ ပင့်ထား သော်လည်း လက်ခံနိုင်ဖွယ် ကြည့်မြင်၍ ကောင်းပါသည်။ စံပြမယ် ၏ မျက်လုံး အကြည့်ကို ယခုထက် အပေါ်သို့ အနည်းငယ် မြင့်ကြည့်စေပြီး နှုတ်ခမ်း အလှကို ပြုံးရယ် ရွှင်မြူး စေပါက ယခုထက် များစွာ ပိုမို ကောင်းမွန်မည် ဖြစ်သ်ည။ ဖြတ်တောက် ကူးချဲ့ပုံတို့ ဆိုဖွယ်မရှိ ကောင်းမွန် လှပါသည်။

ညောင်ဦးဖိုးချို ( Hon; MPS, FMPS, PMPS )
မြန်မာနိုင်ငံ ဓာတ်ပုံအသင်း

#Themyawadydaily

No comments:

Post a Comment