Pages

▼

Thursday, June 26, 2014

မြောက်ကိုရီးယား ခေါင်းဆောင်အား လုပ်ကြံသည့်ရုပ်ရှင်ကို ပြသလျှင် အမေရိကန်အား စစ်ရေးအရ တုံ့ပြန်မည်ဟု မြောက်ကိုရီးယားဆို



ပြုံယမ်း ၊ ၂၆-၆-၂၀၁၄

မြောက်ကိုရီးယား ခေါင်းဆောင်အား လုပ်ကြံ သတ်ဖြတ်သည့် ဇာတ်လမ်းကို ရိုက်ကူးထားသော ဟောလိဝုဒ် ရုပ်ရှင် ဇာတ်ကားကို ပြသခွင့် ပြုမည် ဆိုလျှင် မြောက်ကိုရီးယား က အမေရိကန် ပြည်ထောင်စု ကို " သနား ညှာတာခြင်း ကင်းမဲ့စွာ " ဖြင့် စစ်ရေးအရ တုံ့ပြန် သွားရလိမ့်မည် ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက နိုင်ငံပိုင် မီဒီယာမှ တစ်ဆင့် ယမန်နေ့တွင် ထုတ်ပြန် ကြေညာ လိုက်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စုက အဆိုပါ ဇာတ်ကားကို ပြသခွင့် ပြုလိုက်ခြင်းဖြင့် မြောက်ကိုရီးယား က စစ်ကြေညာ သည်ဟု သတ်မှတ်မည် ဖြစ်ပြီး ၄င်း ဇာတ်ကား အမည်ကို တိကျစွာ ဖော်ပြ ထားခြင်း မရှိသော်လည်း လာမည့် အောက်တိုဘာလ တွင် မြောက်ကိုရီးယား ခေါင်းဆောင်ကို လုပ်ကြံ သတ်ဖြတ်ရန် ကြိုးစားပုံကို ရိုက်ကူးထားသော The Interview ဟောလိဝုဒ် ရုပ်ရှင် ဇာတ်ကားကို ကမ္ဘာ့အနှံ့ ဖြန့်ချိ ပြသသွားရန် စီစဉ် ထားရှိကြောင်း သိရသည်။

The Interview တွင် ဟောလိဝုဒ် သရုပ်ဆောင်များ ဖြစ်ကြသော James Franco နှင့် Seth Rogen တို့က ခေါင်းဆောင် မင်းသား ၊ မင်းသမီးများ အဖြစ် ပါဝင် သရုပ်ဆောင် ထားပြီး အဆိုပါ ဇာတ်ကားမှာ လှုပ်ရှားမှု ဟာသဇာတ်ကား ဖြစ်ကြောင်းလည်း သိရသည်။

Kim Jon Un ကို အင်တာဗျူးရန် ဖိတ်ခေါ်ခြင်း ခံရသော ရုပ်သံ သတင်းထောက် ကို CIA က ထပ်ဆင့် ငှားရမ်းကာ ခေါင်းဆောင်ကြီး ကို လုပ်ကြံ သတ်ဖြတ် စေသော ဇာတ်လမ်းကို ရိုက်ကူး ထားသည့် ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး You Tube ပေါ်တွင် ခေါင်းဆောင်ကြီး အဖြစ် သရုပ်ဆောင် ထားသူ၏ ပုံရိပ်များ ၊ တင့်ကား ၊ ဟယ်လီ ကော်ပတာ တို့ဖြင့် မြောက်ကိုရီးယား က တိုက်ခိုက် နေပုံများ ၊ နျူကလီးယား လက်နက်ကိုပင် အသုံးပြုပုံ များကို ကြော်ငြာ ရုပ်ရှင် အဖြစ် လွှင့်တင် ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

https://www.youtube.com/watch?v=Mj3uHftd5FQ&feature=kp

No comments:

Post a Comment