Pages

Saturday, June 7, 2014

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် အမှတ်စဉ်(၇၆) လေယာဉ်မောင်း သင်တန်း ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနား တက်ရောက်


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား 
ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်
 ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲ များကို စစ်ဆေးစဉ်

နေပြည်တော် ၊ ၇-၆-၂၀၁၄

တပ်မတော်(လေ) ၏ အမှတ်စဉ် (၇၆) လေယာဉ်မောင်း သင်တန်းကျောင်းဆင်း တောင်ပံ အပ်နှင်းပွဲ အခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်း တွင် မိတ္ထီလာမြို့ ၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် တက်ရောက် မိန့်ခွန်း ပြောကြား ခဲ့သည်။

အဆိုပါ အခမ်းအနား သို့ ကာကွယ်ရေး ဦးစီးချုပ်(လေ) ၏ ဇနီး ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ၊ စစ်ဦးစီး အရာရှိချုပ်(လေ) ဗိုလ်ချုပ် လွင်ဦး ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် ၊ တပ်မတော်(လေ) မှ အရာရှိကြီးများ နှင့် ဇနီးများ ၊ ကျောင်းဆင်း အရာရှိ များ၏ မိဘဆွေမျိုးများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ကျောင်းဆင်း တပ်ခွဲ နှင့် ဂုဏ်ပြုတပ်ခွဲ များက စစ်ရေးပြကွင်း အတွင်း ချီတက် နေရာယူ ကြပြီး နိုင်ငံတော် အလံအား အလေးပြု ကြသည်။

ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ရောက်ရှိလာပြီး ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများ၏ အလေးပြုခြင်း ကို ခံယူ၍ ကျောင်းဆင်း တပ်ခွဲ နှင့် ဂုဏ်ပြုတပ်ခွဲ များကို စစ်ဆေးသည်။

ဆက်လက်၍ ကျောင်းဆင်း တပ်ခွဲ နှင့် ဂုဏ်ပြု တပ်ခွဲများက ကာကွယ်ရေး ဦးစီးချုပ်(လေ) အား အနှေးလျှောက် ၊ အမြန်လျှောက် တို့ဖြင့် ချီတက် အလေးပြု ကြရာ တပ်မတော်(လေ) မှ အမောင်းသင် လေယာဉ်များ နှင့် ဂျက်တိုက်လေယာဉ် များကလည်း ဝေဟင်မှ အုပ်စုဖွဲ့၍ အလေးပြု ပျံသန်းကြသည်။

ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(လေ) သည် အမှတ်စဉ် (၇၆) လေယာဉ်မောင်း သင်တန်းဆင်း အရာရှိ များအား လေသူရဲ တောင်ပံများကို တစ်ဦးချင်း ပေးအပ်ချီးမြှင့်ပြီး စာပေ ထူးချွန်ဆုရ လေ ၃၃၁၄ ဗိုလ်ကြီး ကောင်းမြတ်စိုး အားလည်းကောင်း ၊ လေယာဉ်မောင်း ထူးချွန်ဆုရ လေ ၃၉၄၅ ဗိုလ် ရန်လင်း အားလည်းကောင်း ၊ စံပြ လေသူရဆုရ လေ ၃၈၂၇ ဗိုလ် ဖြိုးဦးခန့် အားလည်းကောင်း ထူးချွန်ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။ 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား 
ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်
 လေယာဉ်မောင်း ထူးချွန်ဆုရ လေ ၃၉၄၅ ဗိုလ် ရန်လင်း အား ဆုပေးအပ် ချီးမြှင့်စဉ်

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က သင်တန်းဆင်း မိန့်ခွန်း ပြောကြားသည်။

ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် 
သင်တန်းဆင်း လေသူရဲအရာရှိများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်စဉ်

အခမ်းအနား အပြီးတွင် ကာကွယ်ရေး ဦးစီးချုပ်(လေ) သည် ဝေဟင်မှ အုပ်စုဖွဲ့၍ အလေးပြု ပျံသန်းခဲ့ကြသည့် အမောင်းသင် လေယာဉ် နှင့် ဂျက်တိုက်လေယာဉ် လေသူရဲများအား ဂုဏ်ပြု နှုတ်ဆက်ပြီး သင်တန်းဆင်း လေသူရဲ အရာရှိ များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment