Pages

Wednesday, June 25, 2014

ကမ္ဘာ့တတိယ ၀ါးအများဆုံးထွက်ရာ မြန်မာနိုင်ငံအနေဖြင့် ၀ါးမျိုးစိတ်များ ထိန်းသိမ်းစောင့်ရှောက်ရန်လို


ရန်ကုန် ၊ ၂၅-၆-၂၀၁၄

ကမ္ဘာ့ပေါ်၌ တတိယ ၀ါးအများဆုံး ထွက်ရှိရာ မြန်မာနိုင်ငံတွင် ၀ါးမျိုးစိတ်များ ပြုန်းတီး လာနေသဖြင့် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင် နေသည့် ၀ါးချစ်သူများ အသင်းမှ ဒေါ်ဒေစီသန့်စင် က ပြောကြားသည်။

ဝါးချစ်သူများ အသင်းက မြန်မာနိုင်ငံ ၌ ၀ါးပင်များ ထိန်းသိမ်းရေး အတွက် ပဲခူးတိုင်း ( အနောက်ပိုင်း ) ပြည်မြို့၌ ယမန်နေ့ က ဒေသခံ များအား ၀ါးပင်အကြောင်း သိကောင်း စရာများ လာရောက် ဟောပြော ကြသည်။

ဝါးချစ်သူများ အသင်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တွင် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် မှ ပညာရှင်များ ၊ မြနမာ အစိမ်းရောင် ကွန်ရက် နှင့် BANCA စသည့် အဖွဲ့အစည်း များမှ ပညာရှင်များ ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး အသင်းဝင် ၈၀ ခန့်ဖြင့် မြန်မာနိုင်ငံ အနှံ့အပြား ရှိ ဒေသခံများ နှင့် ပူးပေါင်းကာ ၀ါးပင် အကြောင်း သိကောင်းစရာ များ ဟောပြောခြင်း နှင့် ၀ါးပင် စိုက်ပျိုးခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဝါးပင်သည် အမြစ်ကုပ်အား ကောင်းပြီး မြေပြိုမှုကို ကာကွယ်ပေးခြင်း ၊ မြေအောက်ရေ ထိန်းသိမ်း ပေးခြင်း ၊ အခြား အပင်များထက် ၃၅ ရာခိုင်နှုန်းခန့် အောက်ဆီဂျင် ပိုမို ထုတ်လွှတ် ပေးခြင်း ၊ မြစ်ဝ ကျွန်းပေါ် ဒေသများတွင် မုန်တိုင်းတိုက်လျှင် အုန်းပင် ၊ ၀ါးပင် ကဲ့သို့သော အပင်များသည် ပင်စည် ပျော့ပျောင်း၍ ယိမ်းနွဲ့ပင် အမျိုးအစား ဖြစ်သောကြောင့် ပြိုလဲခြင်း မရှိဘဲ လေကာပင် အဖြစ် ကာကွယ် ပေးခြင်းကြောင့် လူသားများ အတွက် များစွာ အကျိုးပြုကြောင်း သိရှိရသည်။

သီဟလွင်

#Themyawadydaily

No comments:

Post a Comment