Pages

Friday, June 27, 2014

မြန်မာ - အိန္ဒိယ နယ်စပ်ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ်ပြေးဆွဲရေး လာမည့် အောက်တိုဘာလတွင် စတင်မည်ဟု မျှော်မှန်း



တမူး ၊ ၂၇-၆-၂၀၁၄

မြန်မာ - အိန္ဒိယ နယ်စပ် ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် ပြေးဆွဲရေး နှစ်နိုင်ငံ သဘောတူညီမှု လက်မှတ် ရေးထိုးခြင်း နောက်ဆုံး အဆင့် ရောက်ရှိနေပြီး မကြာခင် ပြေးဆွဲ နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ - အိန္ဒိယ နယ်စပ် ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် ပြေးဆွဲရေး အတွက် အိန္ဒိယနိုင်ငံ ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီးဌာန နှင့် မြန်မာနိုင်ငံ ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန တို့အကြား သဘောတူညီ မှုများ ရရှိခဲ့ပြီ ဖြစ်ကြောင်း လည်း အိန္ဒိယ ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီးဌာန က ကြေညာချက် ကို ကိုးကားကာ ဘနားမား သတင်းတွင် ဖော်ပြ ထားသည်။

အဆိုပါ မြန်မာ - အိန္ဒိယ နယ်စပ် ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် ပြေးဆွဲမှုသည် မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေး ဒေသကြီး မန္တလေးမြို့ နှင့် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ် မြို့တော် အင်ဖာ တို့အကြား ပြေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် လိုင်းသည် အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ အကြား ဆက်ဆံရေး ပိုမို ကောင်းမွန် စေရန် ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါ နယ်စပ် ဖြတ်ကျော် ဘတ်စ်ကား ပြေးဆွဲမည့် အစီအစဉ် အတွက် နားလည်မှု စာချွန်လွှာ ကို နောက်ဆုံး အဆင့် သဘောတူ လက်မှတ်ထိုးပြီး ဖြစ်ကြောင်းလည်း သိရသည်။ မြန်မာ - အိန္ဒိယ နယ်စပ် ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် ပြေးဆွဲမှုသည် ၅၇၉ ကီလိုမီတာ ကွာဝေးသည့် အင်ဖာ နှင့် မန္တလေး မြို့တို့ကို ၁၄ နာရီကြာ မောင်းနှင် ပြေးဆွဲမည့် ဘတ်စ်ကားလိုင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ - အိန္ဒိယ နယ်စပ် ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် ပြေးဆွဲမှုကို လာမည့် အောက်တိုဘာလ တွင် စတင်မည်ဟု မျှော်မှန်း ထားပြီး ၄င်းအပြင် နှစ်နိုင်ငံ ခရီးသည်များ အတွက် ဆိုက်ရောက် ဗီဇာ ထုတ်ပေးရေး ကိုလည်း နှစ်နိုင်ငံ အနေဖြင့် ဆက်လက် ဆောင်ရွက် ကြမည် ဖြစ်ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment