Pages

Friday, May 2, 2014

KIA (ကချင်) အဖွဲ့၏ မိုင်းထောင် ဖောက်ခွဲမှုကြောင့် ပြည်သူတစ်ဦး သေဆုံး လေးဦးဒဏ်ရာ ရရှိ


တပ်မတော်သား များက KIA (ကချင်) အဖွဲ့၏ မိုင်းထောင် ဖောက်ခွဲမှုကြောင့် ထိခိုက် ဒဏ်ရာများ ရရှိခဲ့သော ဒေသခံများအား လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးစဉ်


တပ်မတော်သား များက KIA (ကချင်) အဖွဲ့၏ မိုင်းထောင် ဖောက်ခွဲမှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သော မမီးကျူ အား လိုအပ်သည့် ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၂-၅-၂၀၁၄

ကချင်ပြည်နယ် ၊ နမ့်ခမ်းမြို့ မှ မောင်ချီဟော့ (ဘ) ဦးလင်းစနေ ၊ မမီးကျူ (ဘ) ဦးရင်တေ့ ၊ မောင်လင်ချွန်ဖ (ဘ) ဦးလင်ကျီရင်း ၊ မောင်ခွာကြာထွန်း (ဘ) ဦးခွာဆန် နှင့် မောင်ရီဟော့ (ဘ) ဦးရင်တေ တို့ ၅ ဦးသည် ဧပြီလ ၃၀ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် ဆိုင်ကယ် ၃ စီးဖြင့် နမ့်ခမ်းမြို့ မှ မံစီမြို့ ရှိ ဆွေမျိုးများ ထံသို့ အလည်အပတ် သွားရောက်ရာ လဂတ်တော့ရွာ အထွက်သို့ ရောက်ရှိစဉ် KIA (ကချင်) အဖွဲ့မှ ရီမုမိုင်း တစ်လုံးဖြင့် ကားလမ်း ဘယ်ဘက်ခြမ်း မှ ဖောက်ခွဲခဲ့ သဖြင့် မောင်ချီဟော့ သည် နောက်ကျော မိုင်းစမှန် ပွင့်ထက်၍ နေရာတွင်ပင် သေဆုံး ခဲ့ပြီး မမီးကျူ သည် ဘယ်ပေါင်ရင်း ၊ ဘယ်ဒူးခေါင်း အောက် မိုင်းစထိမှန် ၊ မောင်လင်ချွန်ဖ သည် လည်ပင်း ၊ ညာညှပ်ရိုး ၊ ၀မ်းဗိုက် ၊ ညာပေါင် နှင့် ဘယ်ဘက် ရင်ဘတ် တို့အား မိုင်းစ ထိမှန် ၊ မောင်ခွာကြာထွန်း သည် ညာပေါင်ရင်း နှင့် ညာဘက် ရင်ဘတ် တို့တွင် မိုင်းစ ထိမှန် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။

အဆိုပါ မိုင်းထိ ဒဏ်ရာ ရရှိသူများ အား တပ်မတော် သားများက လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက် ပေးပြီး နမ့်ခမ်းဆေးရုံ သို့ ဆက်လက် ပို့ဆောင် ပေးလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily


No comments:

Post a Comment