Pages

Friday, May 9, 2014

ပြည်နှင်ဒဏ်ပေးခဲ့သည့် DVB သတင်းထောက် ဆိုသူမှာ သတင်းထောက်ဗီဇာဖြင့် ၀င်ရောက်လာသူ မဟုတ်ဘဲ စီးပွားရေး လုပ်ငန်းဗီဇာဖြင့် လိမ်လည် ၀င်ရောက်လာသူ သာဖြစ်


နေပြည်တော် ၊ ၉-၅-၂၀၁၄

မကွေးမြို့၌ မေလ ၇ ရက် နံနက်ပိုင်းက ခွင့်ပြုချက် မရဘဲ ဆောင်ရွက်ခဲ့သည့် စီတန်း လှည့်လည် ဆန္ဒပြမှုတွင် နိုင်ငံခြားသား တစ်ဦး လိုက်ပါ ဆန္ဒပြ ခဲ့သည်ကို တာဝန်ရှိ သူများက စိစစ်တွေ့ရှိ ခဲ့ကြသည်။ ၄င်းသည် ခွင့်ပြုချက် မရဘဲ့ စီတန်း လှည့်လည် ဆန္ဒပြ ရာတွင် ပါဝင်ခဲ့သည့် အတွက် ဗီဇာ စည်းကမ်း ဖောက်ဖျက် သောကြောင့် လ၀က အက်ဥပဒေ ဖြင့် အရေးယူ၍ မေလ ၈ ရက်တွင် ပြည်နှင် ဆောင်ရွက် ခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန မှ သိရသည်။

၎င်း နိုင်ငံခြားသား မှာ သြစတြေးလျ နိုင်ငံသား Mr. WATSON ANGUS ROBERZS ဆိုသူဖြစ်ပြီး ၄င်း၏ ပတ်စ်ပို့ နံပါတ်မှာ ၈၉၉၃၆၈ ဖြစ်ကာ Visa No; 08986/ Business ဖြင့် ၀င်ရောက် လာသူဖြစ်ကြောင်း ၊ ဧပြီလ ၂၇ ရက်တွင် ရန်ကုန် လေဆိပ်မှ ၀င်ရောက်ခဲ့ပြီး ရန်ကုန်မြို့ မှတစ်ဆင့် မကွေးမြို့သို့ မေလ ၇ ရက်နံနက် ၄ နာရီခွဲတွင် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း သြစတြေးလျ နိုင်ငံသား အဖမ်းခံရမှု နှင့် ပတ်သက်၍ ပြင်ပ သတင်းမီဒီယာ အချို့က ၄င်းသည် DVB သတင်းထောက် တစ်ဦးဖြစ်ကြောင်း ၊ ယခုကဲ့သို့ နှင်ထုတ်ခြင်းဖြင့် သတင်း လွတ်လပ်ခွင့်ကို ထိခိုက်စေကြောင်း စသည်ဖြင့် ပုံဖော် နေကြသည်ကို တွေ့ရှိရသဖြင့် ပြန်ကြားရေး ၀န်ကြီးဌာန ၊ ဒုတိယ ၀န်ကြီး ဦးရဲထွဋ် အား မေးမြန်းရာ " Mr. WATSON ANGUS ROBERZS ဆိုသည့် အမည်ဖြင့် DVB သတင်းထောက် အဖြစ် ဗီဇာ ထောက်ခံချက် ပေးထားသူ မရှိကြောင်း ၊ လက်ရှိတွင် မြန်မာနိုင်ငံ အတွင်း DVB သတင်းထောက် အဖြစ် ဗီဇာ ထောက်ခံချက် ပေးထားသူ ၄ ဦးရှိပြီး ယင်း သြစတြေးလျ နိုင်ငံသား ပါဝင်ခြင်း မရှိကြောင်း ၊ အဆိုပါ နိုင်ငံခြားသား မှာ DVB သတင်းထောက် ဖြစ်ပါက သတင်းထောက် ဗီဇာဖြင့် ၀င်ရောက် ရမည်ဖြစ်ပြီး ယခုကဲ့သို့ လိမ်လည် လျှောက်ထား၍ စီးပွားရေး လုပ်ငန်းဗီဇာ ဖြင့် ၀င်ရောက်မှုမှာ မသင့်တော်ကြောင်း ၊ သတင်းထောက် ဗီဇာဖြင့် တရားဝင် ၀င်ရောက်ပြီး သတင်း ယူပါက ယခုကဲ့သို့ ပြဿနာ မဖြစ်နိုင်ကြောင်း ၊ ထိုကဲ့သို့ လုပ်ဆောင်မှု များကြောင့် တရားဝင် ဗီဇာ လျှောက်ထားသည့် အခြား နိုင်ငံတကာ သတင်းထောက် များအပေါ် အထင်အမြင် လွဲမှားမှုများ ဖြစ်နိုင်ကြောင်း " ဖြေကြားခဲ့သည်။

အဆိုပါ နိုင်ငံခြားသား အား ဗီဇာ စည်းကမ်း ဖျောက်ဖျက်မှုဖြင့် လ၀က အက်ဥပဒေ ပုဒ်မ ၄ (၂) အရ မေလ ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ် မှတစ်ဆင့် ပြန်လည် စေလွှတ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ (သတင်းစဉ်)

#Themyawadydaily

No comments:

Post a Comment