Pages

Friday, May 9, 2014

ဥပဒေပညာရေး ဆွေးနွေးခန်း နွေရာသီသင်တန်း ဖွင့်လှစ်




တောင်ကြီး ၊ ၉-၅-၂ဝ၁၄
ရှမ်းပြည်နယ် တောင်ကြီး တက္ကသိုလ် ( Clinical Legal Colueations Summer School ) ဥပဒေပညာရေး ဆွေးနွေးခန်း နွေရာသီ သင်တန်းကို မေ ၈ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီး တက္ကသိုလ်   ဘက်စုံခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် တက်ရောက် အမှာစကား ပြောကြား ရာတွင် နိုင်ငံတော် အစိုးရ အနေဖြင့် ပညာရည် မြင့်မားရေး ၊ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်  ရာတွင် တက္ကသိုလ် များ၏ အခန်းကဏ္ဍ သည် အရေးပါကြောင်း ၊ ဆရာ ဆရာမများ အရည်အသွေး မြင့်မား တိုးတက် လာစေရေး အတွက် သင်တန်း ဖွင့်လှစ် ပေးခြင်းသည် တစ်ထောင့် တစ်နေရာတွင် အထောက် အကူပြုနိုင် စေရန် ရည်ရွယ်ကြောင်း ၊ နွေရာသီ သင်တန်း ( Clinical Legal Colueations Summer School ) ကို ကုလသမဂ္ဂ ဖွံဖြိုးမှု အစီအစဉ် UNDP နှင့် Briolges Across Borders Southeast Asia Community  Legal Education Initiative ( BABSEACLE ) တို့နှင့် အတူ ပူးတွဲကျင်းပ နိုင်သည့် အတွက် ဝမ်းမြောက်ကြောင်း ၊ ပြည်သူလူထုကို အကျိုးပြုသည့် တရားမျှတမှု ၊ ဝန်ဆောင်မှု ပေးနိုင် အောင်နှင့် တာဝန်ယူ နိုင်သည့် ဥပဒေပညာရပ် ဖြစ်လာအောင် ဖန်တီး ပေးနိုင်ရန် အခြေခံကောင်း တစ်ခုကို ကြိုးစား၍ တည်ဆောက် ပေးကြရန် တိုက်တွန်း ပြောကြားသည်။ 

ဆက်လက်၍ UNDP Shan State  တာဝန်ခံ ဦးမြတ်သူ မှ ဥပဒေဆိုင်ရာ ကိစ္စရပ်များကို  လည်းကောင်း ၊ Ms. Christina Beninger  က CLE နှင့် ပတ်သက်သော မြန်မာနိုင်ငံ တွင် UNDP ၏ လုပ်ဆောင်ချက် များကို လည်းကောင်း ၊ Mr. Bruce A. Lasky မှ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များကို လည်းကောင်း ရှင်းလင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းသည်။

အဆိုပါ အခမ်းအနား သို့ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ် ဥပေဒချုပ် ၊  တောင်ကြီး တက္ကသိုလ် ပါမောက္ခချုပ် ၊ ဒုတိယ ပါမောက္ခချုပ် ၊ UNDP မှတာဝန်ရှိသူများ ၊ တောင်ကြီး   တက္ကသိုလ်မှ ဆရာ ဆရာမများ တက်ရောက်ကြပြီး သင်တန်းကာလ ကို (၁ဝ) ရက်အထိ ဖွင့်လှစ်၍ UNDP မှ ဦးဆောင်ပြီး ပြင်ပဆရာများ ပါ သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်းနှင့် သင်တန်းတွင် တက္ကသိုလ် (၁၈) ခုမှဥပဒေ  ပညာဌာနမှ သင်တန်းသား သင်တန်းသူ (၅၁)ဦး တက်ရောက် သင်ယူမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment