Pages

Friday, May 16, 2014

စီးပွားရေးဆိုင်ရာဘာသာရပ် များကို ယူနစ်စကို နှင့် ရန်ကုန် စီးပွားရေးတက္ကသိုလ် တို့ ပူးပေါင်း ရေးဆွဲမည်



ရန်ကုန် ၊ ၁၆-၅-၂၀၁၄

စီးပွားရေးဆိုင်ရာ ဘာသာရပ် များကို ယူနစ်စကို နှင့် ရန်ကုန် စီးပွားရေး တက္ကသိုလ်တို့ ပူးပေါင်း ရေးဆွဲမည် ဖြစ်ကြောင်း ရန်ကုန် စီးပွားရေး တက္ကသိုလ် မှ သိရသည်။

ထိုကဲ့သို့ စီးပွားရေး ဆိုင်ရာ ဘာသာရပ်များကို ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ ( UNESCO ) နှင့် ရန်ကုန် စီးပွားရေး တက္ကသိုလ် တို့ ပူးပေါင်း ရေးဆွဲမည့် သင်ရိုး ညွှန်းတမ်းဖြင့် ရန်ကုန် စီးပွားရေး တက္ကသိုလ် တွင် လာမည့် ဇွန်လက စတင်ကာ အခမဲ့ သင်ကြား ပေးမည် ဟု ရန်ကုန် စီးပွားရေး တက္ကသိုလ် စီမံခန့်ခွဲမှု ဌာနမှ သိရသည်။

ထိုကဲ့သို့ သင်ကြား ပေးမှုကို ရန်ကုန် စီးပွားရေး တက္ကသိုလ် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဌာနမှ စီစဉ် ပေးမည်ဖြစ်ပြီး အဆိုပါ သင်တန်းများ သို့ တက်ရောက် လိုသူများ သည် ရန်ကုန် စီးပွားရေး တက္ကသိုလ် လူ့စွမ်းအား အရင်းအမြစ် ဖံွံ့ဖြိုးရေး ဌာန၌ မေလ ၁၆ ရက်မှ ၂၀ ရက်အတွင်း လျှောက်လွှာများ စတင် လျှောက်ထား နိုင်ကြောင်း သိရသည်။

ထို့ပြင် သင်တန်းများကို ဇွန်လ ပထမပတ် အတွင်း စတင် ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်ပြီး ဘာသာရပ် တစ်ခုလျှင် သင်တန်းသား ၃၀ ဦးသာ လက်ခံ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမဲ့ သင်တန်းများတွင် စီးပွားရေး ဆိုင်ရာ ဘာသာရပ်များ ၊ စီမံ ခန့်ခွဲရေး ဆိုင်ရာ ဘာသာရပ်များ ၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး ဆိုင်ရာ ဘာသာရပ် များကို ၃ လကြာ သင်ကြား ပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ အခြေခံ ပညာ အထက်တန်း အောင်မြင်ပြီး သည့် လူငယ်များ အပြင် ဘွဲ့ရ လူငယ်များလည်း တက်ရောက် နိုင်ကြောင်း ၊ လူတိုင်းအတွက် စီးပွားရေး ပညာကို လမ်းဖွင့် ထားကြောင်း နှင့် စီးပွားရေး ခေတ်ကြီးတွင် စီးပွားရေး ပညာကို တတ်သိ နားလည် ထားရန် လိုအပ်ကြောင်း သင်တန်း ဖွင့်လှစ်သူ များက ပြောကြားကြောင်း သိရှိရသည်။

#Yadanarpondaily

No comments:

Post a Comment