Pages

Friday, May 2, 2014

၂၀၁၃ ခုနှစ် အဘိဓမ္မာ ၊ ဂုဏ်ထူးဆောင် နှင့် ၀ိသုဒ္ဓိမဂ် စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ


၂၀၁၃ ခုနှစ် အဘိဓမ္မာ ၊ ဂုဏ်ထူးဆောင် နှင့် ၀ိသုဒ္ဓိမဂ် စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၊ သာသနာရေး ၀န်ကြီးဌာန ၊ သာသနာရေး ဦးစီးဌာန က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တွင် ကျင်းပခဲ့သည့် အဘိဓမ္မာ ၊ ဂုဏ်ထူးဆောင် နှင့် ၀ိသုဒ္ဓိမဂ် စာမေးပွဲ အောင်စာရင်းကို ယမန်နေ့က ထုတ်ပြန် ကြေညာကြောင်း သိရသည်။

အဘိဓမ္မာ စာမေးပွဲတွင် စာဖြေဌာနပေါင်း ၁၄၄ ဌာနတို့၌ ဖြေဆိုသူ ၁၄၁၇၅ ဦး ၊ အောင်မြင်သူ ၁၀၃၁၈ ဦး ၊ နှစ်ချင်းပေါက် သုံးဆင့်လုံး အောင်မြင်သူ ၁၄၀၈ ဦးရှိ၍ တစ်ပြည်လုံး၌ အမှတ် အများဆုံး ပထမ ၊ ဒုတိယ ၊ တတိယ (ထူးချွန်ဆု) ရရှိကြ သူများမှာ-

တစ်ပြည်လုံး ပထမ
ခုံအမှတ် ၅ ၊ မစန္ဒာဝင်း ၊ မြစ်ကြီးနား စာဖြေဌာန ၊ မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ်။
တစ်ပြည်လုံး ဒုတိယ
ခုံအမှတ် ၉ မောင်ဇေကောင်းမြတ် ၊ မုဒုံစာဖြေဌာန ၊ မုဒုံမြို့နယ် ၊ မွန်ပြည်နယ်
တစ်ပြည်လုံး တတိယ
ခုံအမှတ် ၃၉ ၊ ဒေါ်သင်းသင်းစိုး ၊ ပုသိမ်စာဖြေဌာန
ပုသိမ်မြို့ ၊ ဧရာဝတီတိုင်းဒေသကြီး

အဘိဓမ္မာ ဂုဏ်ထူးဆောင် စာမေးပွဲတွင် စာဖြေဌာနပေါင်း ၉၅ ဌာနတို့၌ ဖြေဆိုသူ ၃၀၃၆ ဦး ၊ အောင်မြင်သူ ၂၅၇၀ ဦး ၊ နှစ်ချင်းပေါက် သုံးဆင့်လုံး အောင်မြင်သူ ၆၃၄ ဦးရှိ၍ တစ်ပြည်လုံး ၌ အမှတ် အများဆုံး ပထမ ၊ ဒုတိယ ၊ တတိယ ( ထူးချွန်ဆု) ရရှိကြ သူများမှာ

တစ်ပြည်လုံး ပထမ
ခုံအမှတ် ၇ ၊ ဒေါ်အေးမြမိုး ၊ ပြင်ဦးလွင် စာဖြေဌာန
ပြင်ဦးလွင်မြို့ ၊ မန္တလေးတိုင်း ဒေသကြီး
တစ်ပြည်လုံး ဒုတိယ
ခုံအမှတ် ၈ ၊ မငြိမ်းငြိမ်းစု ၊ ကျောက်မဲစာဖြေဌာန
ကျောက်မဲမြို့ ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)
တစ်ပြည်လုံး တတိယ
ခုံအမှတ် ၃ ၊ မမေဓာနန္ဒီ ၊ မြစ်ကြီးနား စာဖြေဌာန
မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ်

ဝိသုဒ္ဓိမဂ် စာမေးပွဲတွင် စာဖြေဌာနပေါင်း ၈၈ ဌာနတို့၌ ဖြေဆိုသူ ၂၁၄၂ ဦး ၊ အောင်မြင်သူ ၁၈၄၁ ဦး ၊ နှစ်ချင်းပေါက် သုံးဆင့်အောင်မြင်သူ ၃၀၀၀ ဦးရှိ၍ တစ်ပြည်လုံး ၌ အမှတ် အများဆုံး ပထမ ၊ ဒုတိယ ၊ တတိယ (ထူးချွန်ဆု) ရရှိကြ သူများမှာ

တစ်ပြည်လုံး ပထမ
ခုံအမှတ် ၃ ၊ ဒေါ်ရွှေဖြိုးသွယ် ၊ မဟာအောင်မြေ စာဖြေဌာန
မဟာအောင်မြေ မြို့နယ် ၊ မန္တလေးတိုင်း ဒေသကြီး
တစ်ပြည်လုံး ဒုတိယ
ခုံအမှတ် ၅ ၊ ဒေါ်မြင့်မြင့်သွယ် ၊ ပြင်ဦးလွင် စာဖြေဌာန
ပြင်ဦးလွင်မြို့ ၊ မန္တလေးတိုင်း ဒေသကြီး
တစ်ပြည်လုံး တတိယ
ခုံအမှတ် ၁၄ ၊ မအိသန္တာကျော် ၊ လပွတ္တာ စာဖြေဌာန
လပွတ္တာမြို့ ၊ ဧရာဝတီတိုင်း ဒေသကြီး

အောင်စာရင်း အပြည့်အစုံ ကို တိုင်းဒေသကြီး နှင့် ပြည်နယ် သာသနာရေးရုံးများ ၊ စာဖြေဌာန ရှိရာ မြို့နယ် သံဃနာယက အဖွဲ့များ နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးများတွင် ကြည့်ရှု နိုင်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment