Pages

Tuesday, April 8, 2014

တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် လုံခြုံရေးအရ သန်ခေါင်းစာရင်း ကောက်ယူရန် ခက်ခဲသော ကျေးရွာများသို့ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူ


တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် ပန်ခမ်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် သန်းခေါင်စာရင်း ကောက်ယူနေမှုကို တွေ့ရစဉ်

တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် မန်စီမြို့နယ် အတွင်းရှိ မံဝိန်းကြီး ကျေးရွာတွင် သန်းခေါင်စာရင်း ကောက်ယူနေမှုကို တွေ့ရစဉ်

တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် ဒေါ့ဖုန်းယန် မြို့နယ် အတွင်းရှိ ကျေးရွာများတွင် သန်းခေါင်စာရင်း ကောက်ယူနေမှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၈-၄-၂၀၁၄

KIA တပ်ဖွဲ့များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ဒေသအချို့ ၌ လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရန် ခက်ခဲလျက် ရှိသဖြင့် တပ်မတော် မှ လုံခြုံရေး အစောင့်အရှောက် များ အကူအညီ ပေး၍ သန်းခေါင် စာရင်း ကောက်ယူခြင်း လုပ်ငန်းအား ဆောင်ရွက်လျက် ရှိရာ ယမန်နေ့တွင် ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မန်စီမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာ မှ ဒေသခံပြည်သူ ၂၉၆၉ ဦး ၊ နောင်စွမ်း မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာမှ ဒေသခံ ပြည်သူ ၅၉၁ ဦး ၊ ပန်ခမ်းမြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံ ပြည်သူ ၆၈၄ ဦး ၊ ဒေါ့ဖုန်းယန် မြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံ ပြည်သူ ၁၅၈ ဦး ၊ မိုးမိတ် မြို့နယ် အတွင်းရှိ ကျေးရွာ ၃ ရွာမှ ဒေသခံ ပြည်သူ ၅၆၆ ဦး ၊ ပေါင်း ၄၉၆၈ ဦး ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ ခရိုင် ၊ မဘိန်းမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာမှ ဒေသခံပြည်သူ ၁၁၅၄ ဦး ၊ မိုးမိတ် မြို့နယ် အတွင်းရှိ ကျေးရွာ ၇ ရွာမှ ဒေသခံ ပြည်သူ ၂၆၃၆ ဦး ၊ မံတုံမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာ မှ ဒေသခံပြည်သူ ၂၃၃ ဦး ၊ ပေါင်း ၄၀၂၃ ဦး ၊ စုစုပေါင်း ဒေသခံပြည်သူ ၈၉၉၁ ဦးအား လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူ ခဲ့သည်။

အဆိုပါ လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရန် ခက်ခဲလျက် ရှိသော ဒေသများတွင် ဧပြီလ ၃ ရက်မှ ယမန်နေ့ အထိ ဒေသခံ ပြည်သူ ၃၀၃၃၃ ဦးအား တပ်မတော် ၏ လုံခြုံရေး အကူအညီ ရယူ၍ သန်းခေါင်စာရင်း ကောက်ယူရေး အဖွဲ့က လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင်းစာရင်း များအား ကောက်ယူ ခဲ့ကြောင်း နှင့် ၄င်းဒေသ အတွင်းရှိ ကျန်ရှိ နေသေးသော ကျေးရွများ အားလည်း ဆက်လက် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment