Pages

Wednesday, April 23, 2014

ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှု ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး "၁က" အပ်နှံခွင့်ပြုပြီး ၆လကြာမှ "၂က" အပ်နှံခွင့်ပြုမည်


ရန်ကုန် ၊ ၂၃-၄-၂၀၁၄

ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှု အစီအစဉ် ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး သွားပြီ ဖြစ်ကာ "၁က" အပ်နှံခွင့် ပြုပြီး ခြောက်လ ကြာမှသာ "၂က" ကို ဆက်လက် အပ်နှံ ခွင့်ပြု သွားမည်ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ စတင် ခဲ့သော ယာဉ်အို ယာဉ်ဟောင်းများ အပ်နှံမှု အစီအစဉ် မှာ ၂၀၁၄ ခုနှစ် မတ်လသို့ ရောက်ရှိ ချိန်တွင် ၉၀ ဒသမ ၂၂ ရာခိုင်နှုန်း သို့ ရောက်ရှိ ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

ထိုသို့ အပ်နှံမှုကို လက်ခံ ခဲ့ရာတွင် ၂၀၁၄ ခုနှစ် မတ်လ ကုန်ဆုံးချိန် တွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အစီရေ တစ်သိန်း သုံးသောင်း ကျော် လက်ခံခဲ့ပြီး "အ" အက္ခရာ မှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အစီးရေ ၇၃၀၀ ကျော် လက်ခံခဲ့ပြီး ဖြစ်သည်ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။ ထို့အပြင် ယခုနှစ် ဧပြီလ ၁ ရက်မှ စတင်ကာ "၁က" အက္ခရာ ယာဉ်များကို ဆက်လက် အပ်နှံခွင့် ပြုခဲ့ပြီး လာမည့် အောက်တိုဘာလ ၆ ရက်မှ စတင်ကာ "၂က" အက္ခရာ ယာဉ်များကို ဆက်လက် လက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ အပ်နှံခွင့်ပြု ရာတွင် မော်တော်ယာဉ် ၏ သက်တမ်း အလိုက် ယာဉ်အို ယာဉ်ဟောင်း အဖြစ် သတ်မှတ်ကာ အပ်နှံခွင့်ပြု ခြင်းမျိုး မဟုတ်ဘဲ ကနဦး မှတ်ပုံတင် သက်တမ်း အလိုက်သာ အပ်နှံခွင့်ပြု ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့သော အခြေအနေ များကြောင့် စလစ်ဈေးနှုန်း များမှာ ကျဆင်းသွား ဦးမည် မဟုတ်ဟုလည်း ကား ၀ယ်/ရောင်း ကျွမ်းကျင်သူ များက ခန့်မှန်း ထားကြသည်။ "၁က" နှင့် "၂က" ကို ကြားက ခြောက်လလောက် ခြားထားသည့် အတွက် အဆိုပါ ကာလအတွင်း စလစ် ရှားပါးမှု ဖြစ်နိုင် သောကြောင့် စလစ်ဈေးမှာ သင်္ကြန်ပြီး သွားသော်လည်း ငွေကျပ် သိန်း ၁၀၀ ၀န်းကျင်အထိ ရှိနေကြောင်း ၊ သင်္ကြန် မတိုင်မီက "၁က" စလစ်မှာ ငွေကျပ် ၉၅ သိန်း မှ ၉၈ သိန်းခန့် ရှိပြီး "၂က" စလစ်မှာ ငွေကျပ် ၈၅ သိန်းမှ ၈၉ သိန်း ၀န်းကျင် ရှိကြောင်း သိရှိရသည်။ 

(အိအိအောင်)


No comments:

Post a Comment