Pages

Monday, March 10, 2014

မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာ၌ မီးလောင်မှု ဖြစ်ပွား မိမိနေအိမ် မိမိဘာသာ မီးရှို့သူကို ကျေးရွာရှိ မျက်မြင်သက်သေများက တွေ့ရှိ သတင်းပေး ခဲ့သဖြင့် စုံစမ်းစစ်ဆေး ဖော်ထုတ်လျက်ရှိ


၉-၃-၂၀၁၄ ရက်နံနက်ပိုင်းက ဒုချီးရားတန်း အလယ်ရွာ မီးလောင်မှု မြင်ကွင်း

မောင်တော ၊ ၁၀-၃-၂၀၁၄

မောင်တော မြို့နယ် ၊ ဒုချီးရားတန်း အလယ်ရွာတွင် ယမန်နေ့ နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ၊ မိမိအိမ် မိမိဘာသာ မီးရှို့ခဲ့သူကို ကျေးရွာနေ မျက်မြင် သက်သေများ၏ သတင်း ပေးချက်အရ သိရှိရ သဖြင့် စုံစမ်း စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း ၊ လူနှင့် တိရစ္ဆာန်များ ထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။

ယမန်နေ့ နံနက် ၁၀ နာရီကျော် ခန့်တွင် ဒုချီးရားတန်း အလယ်ရွာ၌ မီးလောင်မှု ဖြစ်ပွားရာ ဘာသာရေး အဆောက်အအုံ ငယ်တစ်လုံး ၊ ဓနိမိုး ထရံကာ လူနေအိမ် ၁၂ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့် တွင် မီးငြိမ်း သွားခဲ့ကြောင်း ၊ မီးလောင် ရခြင်းမှာ ယင်းကျေးရွာနေ ဆော်ဒီမူလာ (၄၂)နှစ် (ဘ) ဦးမိုက်တာ က မိမိအိမ် မိမိဘာသာ ဓာတ်ဆီ ဖျန်းပက်ပြီး မီးရှို့ ခဲ့ခြင်း ဖြစ်သည်ဟု ယင်း ကျေးရွာနေ ဒေါ်ဟာလာ မာဟာဒူ (၆၀)နှစ် နှင့် မဟာမီဒါ (၃၀)နှစ် တို့က မျက်မြင် သက်သေများ အဖြစ် ထွက်ဆို ခဲ့ကြကြောင်း သိရသည်။

မီးစတင် လောင်ကျွမ်း နေကြောင်း သတင်းရရှိလျှင် ရရှိချင်း နယ်မြေခံ ရဲတပ်ရင်း နှင့် မောင်တော ခရိုင် ရဲတပ်ဖွဲ့ တို့မှ အခင်း ဖြစ်ပွားရာသို့ သွားရောက်ပြီး မီးငြိမ်းသတ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အခင်း ဖြစ်ပွားရာ နေရာသို့ မွန်းလွဲ ၂ နာရီခန့် တွင် ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ၊ ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူး ၊ ခရိုင်ရဲမှူး ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ၊ ခရိုင် ဥပဒေ အရာရှိ ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ၊ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်း ၊ ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်း ၊ ဒုချီးရားတန်း ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိ သူများ ၊ ရပ်မိ ရပ်ဖများက သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း ၊ မျက်မြင် သက်သေ ၂ ဦး၏ ထွက်ဆိုချက် များအရ လည်းကောင်း ၊ မီးစတင် လောင်ကျွမ်းသည့် ဆော်ဒီမူလာ ၏ နေအိမ်ရှိ စပါးကျီ မှာ ကြိုတင် ရွှေ့ပြောင်း ထားသည့် အနေအထား များ တွေ့ရှိရခြင်း ၊ မီးလောင်ကျွမ်း သည့် အချိန်တွင် ၄င်းတို့ မိသားစုမှာ မီးငြိမ်းသတ်မှု မရှိဘဲ ထွက်ပြေး တိမ်းရှောင် နေခြင်း တို့ကို စစ်ဆေး တွေ့ရှိရ သဖြင့် လည်းကောင်း ရှို့မီး ဖြစ်သည်ဟု ယူဆရကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိ သူများထံ မှ စုံစမ်း သိရှိ ရသည်မှာ " ဒုချီးရားတန်း အလယ် ကျေးရွာမှာ နေထိုင် နေသော လက်ရှိ လူဦးရေ ၄၅၀ လောက် ရှိပါတယ် ၊ တချို့ ယောက်ျား တွေကတော့ နေ့ဘက် ရှောင်နေပြီး ညဘက်မှာ ကိုယ့်နေအိမ် ကို ပြန်လာ ကြတာလဲ ရှိပါတယ် ၊ အခု ဖြစ်တာက ဆော်ဒီမူလာ ဆိုသူက ဓာတ်ဆီ ထည့်ထားတဲ့ ရေသန့်ဘူးကို အိမ် ပတ်ဝန်းကျင် မှာ ဝှေ့ယမ်း ပက်ဖျန်းပြီး မီးစတင် ရှို့ခဲ့တယ်လို့ အဲဒီရါာက မျက်မြင် သက်သေ ၂ ဦးက ပြောပြတဲ့ အထောက်အထား ခိုင်ခိုင် လုံလုံ ရရှိပါတယ် ၊ သူတို့ကို စစ်ဆေး တဲ့ အချိန်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူ နဲ့ ကျေးရွာ စာရေး ဦးသန်းထွန်းဦး တို့ သက်သေ အဖြစ်ရှိပြီး စကားပြန် အဖြစ် အိုလီ ဆိုသူက မေးမြန်း ဖြေကြား ပေးတာ ဖြစ်ပါတယ် ၊ ဆော်ဒီမူလာ ဆိုတဲ့သူက ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဖြစ်စဉ်မှာ ပါဝင်တယ် လို့ သံသယ ရှိသူဖြစ်ပြီး တရားခံပြေး အဖြစ် သတ်မှတ် ခံထားတဲ့သူ လဲ ဖြစ်ပါတယ် ၊ အခု မီးလောင်မှု ကြောင့် ဆုံးရှုံးမှု တန်ဖိုး အနေနဲ့ ငွေကျပ် ခြောက်သိန်း လေးသောင်း လောက် ရှိမယ်လို့ ခန့်မှန်း ထားပါတယ် ... " ဟု ပြောပြ ခဲ့ကြောင်း သိရှိရသည်။ (သတင်းစဉ်)

No comments:

Post a Comment