Pages

Monday, March 10, 2014

တရားမ၀င် ရွှေမှော်လုပ်ငန်း လုပ်ကိုင်သူများ ဖမ်းဆီးရမိ


တရားမ၀င် ခိုးဝင်လာသူများအား တွေ့ရစဉ် (ထက်)
တရားမ၀င် လုပ်ကိုင်နေသော ရွှေမှော်လုပ်ငန်းခွင်အား တွေ့ရစဉ် (အောက်)


နေပြည်တော် ၊ ၁၀-၃-၂၀၁၄

ကချင်ပြည်နယ် ၊ ၀ိုင်းမော် မြို့နယ် ၊ ရှငေါ်ကျေးရွာ အနီးတ၀ိုက် တရားမ၀င် ရွှေမှော် လုပ်ငန်းများ ဆောင်ရွက် နေကြောင်း သတင်း ရရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက မတ်လ ၇ ရက် မွန်းလွဲပိုင်းတွင် ရှငေါ်ကျေးရွာ သို့ သွားရောက် စစ်ဆေးရာ ကျေးရွာအနီး ဆယ်ဘီးယာဉ် ၇ စီး ၊ အင်ဂျင် ဖြုတ်ထားသော ပါဂျဲရိုးယာ် တစ်စီး ၊ ၆ ဘီး ဒိုင်နာယာဉ် တစ်စီး ၊ ဘတ်ဟိုးယာဉ် ၂ စီး ၊ မီးစက်ကြီး တစ်လုံး ၊ ဒီဇယ်တိုင်ကီ ၇ လုံး နှင့် လူနေတဲ့ ၆ လုံး တို့အား သိမ်းဆည်း ရမိသည်။

ယင်းနောက် မတ်လ ၈ ရက် နံနက်ပိုင်း အထိ ဆက်လက် ရှင်းလင်း ရှာဖွေရာ မန်တောင် ချောင်းဆုံ အနီးနှင့် ရှငေါ်ကျေးရွား စက်လှေဆိပ် တို့၌ တစ်ဖက်နိုင်ငံ မှ တရားမ၀င် ခိုးဝင်လာသူ ၃၂ ဦးတို့အား ဖမ်းဆီး ရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိ ပစ္စည်းများနှင့် တရားမ၀င် ခိုးဝင်လာသူ များအား ၀ိုင်းမော် မြို့နယ် ရဲစခန်းသို့ ပို့ဆောင်၍ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

တရားမ၀င် သိမ်းဆည်း ရမိသောယာဉ်များအား တွေ့ရစဉ်


No comments:

Post a Comment