Pages

Sunday, March 30, 2014

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ


ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ
( မြောင်းတကာ ခရီးစဉ် )

ပထမ - ဦးထွန်းဝေ


ဆုရဓာတ်ပုံမှာ စားသုံး သီးနှံပင်များ ပြုစု ပျိုးထောင် စိုက်ပျိုးသူ များကို အပေါ်စီးမှ ရိုက်ကူး ထားသည်။ နေရောင် တစောင်းကျ နေသည့် ပျိုးပင်ငယ် များနှင့် အရောင် အသွေး စုံလင်လှသည့် ခမောက် များမှာ ပုံကို အထောက် အကူပြု စိတ်ဝင်စားဖွယ် ဖြစ်စေပါသည်။ မြင်ကွင်းကျယ် မှန်ဘီလူး ( Super Wide Angle Lens ) ကို နေရာမှန် အသုံးပြု ထားပြီး မြင်ကွင်းကို ကွေးဝိုက် ထားသည်မှာလည်း ပုံကို အဆန်းတကြယ် ဖြစ်စေသည်။ လူများ နေရာချထားပုံ သင့်လှပြီး ဓာတ်ပုံ ဆေးသား စိုပြည် ကောင်းမွန်လှ ပါသည်။

ဒုတိယ - မော်မော်ဝင်း


လူသစ် အသင်းဝင် တစ်ဦးဖြစ်သူ မော်မော်ဝင်း ၏ ပထမဆုံး အကြိမ် ဆုရဟန် တူသော ဒုတိယဆု ရဓာတ်ပုံမှာ အကြီးတန်း၌ လစဉ် ယှဉ်ပြိုင် နေသူများ အကြားတွင် အဆင့်မြင့်မြင့် ပုံကောင်းတစ်ပုံ ပင် ဖြစ်သည်။ ချောင်းကူး တံတား ပေါ်တွင် လူအများ ဖြတ်သန်း သွားလာ နေကြပုံကို မြင်တတ်သော မျက်စိဖြင့် ရိုက်ကူး ထားသည်။ နောက်ခံ သစ်ရွက်များနှင့် ပုံ၏ ညာဘက်မှ ၀ါးရွက်ဝါ၀ါ များမှာ ပုံကို အထောက် အကူပြု နေသည်။ ယခု အတိုင်းလည်း ရိုက်ယူပုံ ကောင်းသော်လည်း လမ်းလျှောက် သူများကို အဝေးရိုက် မှန်ဘီလူး နှင့် ပုံကို အပြည့် ဖြတ်တောက် ရိုက်ယူပါက တစ်မျိုး တစ်မည် ပုံကောင်း တစ်ပုံ ဖြစ်နိုင် ပါသေးသည်။ အရောင်နု - ရင့် စုံလင်ပြီး ဓာတ်ပုံ ဆေးသားပါ ကောင်းမွန်လှသည့် ပုံ ဖြစ်သည်။

တတိယ - ငြိမ်းချမ်း


အသင်းသား လူသစ်တစ်ဦး ဖြစ်သူ ကိုငြိမ်းချမ်း မှ ယခုလ အတွက် တတိယဆု ရရှိသည်။ ဆုရပုံမှာ နေခြည်များ ဖြာကျနေသည့် သစ်ပင်ဘေးတွင် ကလေးများ ဖန်ခုန် ကစား နေဟန် ဖန်တီး ရိုက်ကူး ထားသည်။ နောက်ခံ အမည်း နှင့် မြူခိုးများ ပေါ်တွင် ကစား လှုပ်ရှားသူ ကလေးငယ် များမှာ လုံးကြွလျက် ရှိနေသည်။ ဆင်ပြင် နေရာချထား ရိုက်ကူးသည် ဆိုပါက ကလေးငယ် များကို ယခု အတိုင်းထက် ပုံ၏ အလယ် သစ်ပင်ကြီး၏ အနီးတွင် ပြောင်းရွှေ့ နေရာချထား ပါက ပို၍ ကောင်းမွန်မည် ဟု ထင်မိသည်။ ဖြတ်တောက် တင်ပြပုံ နှင့် ဓာတ်ပုံ ဆေးသားတို့ ကောင်းမွန် လှပါသည်။

ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS )
မြန်မာနိုင်ငံဓာတ်ပုံအသင်း

No comments:

Post a Comment