Pages

Sunday, March 30, 2014

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ ( စံပြအလှမယ် )


ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ
( စံပြအလှမယ် = ဘေဘီမောင် )

ပထမ - သန္တာစိုး (ခ) စိုးမြန်မာ


ဓာတ်ပုံအသင်းတွင် အမြဲလိုလို ဆုကြီးများ မပြတ်တမ်း ရယူနေသူ သန္တာစိုး ၏ ပထမဆုရပုံ ဖြစ်သည်။ နောက်ခံ အမည်းပေါ်တွင် စံပြမယ်အား မတ်တပ်ရပ် အနေ ရိုက်ယူထားသည်။ ဘေးတိုက် အလင်း ကျရောက်မှု နှင့် နောက်ခံ အမည်းတွင် အနီရောင် ၀တ်စုံဖြင့် စံပြမယ်မှာ လုံးကြွပေါ်လွင် လျက်ရှိသည်။ လှပ ကြော့ရှင်းသည့် ကိုယ်လုံးအလှ နှင့် မျက်နှာဟန်ပန် တို့မှာ ပုံကို များစွာ အထောက် အကူပြု နေသည်။ လက်နေဟန်ထား တို့လည်း ဆိုဖွယ်မရှိ လှပ သေသပ် ကောင်းမွန်သည်။

ဒုတိယ - မေစောလွင်


အသင်းသူ မေစောလွင် ၏ ပထမဆုံး အကြိမ်ဟု ထင်ရသော ယခုဆုရ ပုံမှာ အဆင့်ရှိသော ပုံကောင်း တစ်ပုံ ဖြစ်သည်။ စံပြမယ်အား အဝေးရိုက် မှန်ဘီလူးဖြင့် ကြည်လင် ပြတ်သားစွာ ရိုက်ယူ ထားသည်။ နောက်ခံအား များစွာ ၀ါးသွားစေပါ၍ စံပြမယ် မှာ လုံးကြွလျက် ရှိသည်။ အပေါ်မှ အလင်း ( Top Light ) နှင့် ဘေးတိုက် အလင်း ( Side Light ) တို့ကြောင့် စံပြမယ်မှာ နောက်ခံ နှင့် ကွဲပြား ပေါ်လွင် နေသည်။ လက်နေဟန်ထား တို့ ကောင်းမွန် လှပသည်။ မျက်နှာသို့ ပေးသည့် အလင်းကို ယခု အနေထက် ပိုမို ကောင်းမွန် လှပရန် ပြုပြင် အလင်း ပေးသင့် လှသည်။

တတိယ - မောင်မောင် မင်းဇော်ဦး


လူသစ်တစ်ဦး ဖြစ်သူ သင်တန်းဆင်း ပြီးစ မောင်မောင် မင်းဇော်ဦး ၏ ဆုရပုံမှာ စံပြမယ်အား သုံးချိုး နှစ်ချိုး မတ်တတ်ရပ် အတည့် အနေဖြင့် ရိုက်ကူးထားသည်။ ကိုယ်နေဟန်ထား နှင့် မျက်လုံးအကြည့် တို့မှာ ခပ်မိုက်မိုက် အနေဖြင့် တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှု အားကောင်းလှသည်။ အပေါ်မှ ( Top Light ) လျှပ်ပါး အလင်းကြောင့် နောက်ခံ အမည်းပေါ်တွင် လုံးကြွလျက် ရှိနေသည်။ ဓာတ်ပုံ ဆေးသားလည်း ကောင်းမွန် လှသည်။ ဆက်လက်၍ ဆုကြီးများ ရယူနိုင်ရန် ကြိုးစားဖို့ ၊ ပုံမှန် ပြိုင်ပွဲဝင်ဖို့ အားပေး တိုက်တွန်း လိုက်ရပါသည်။

ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS )
မြန်မာနိုင်ငံဓာတ်ပုံအသင်း

No comments:

Post a Comment