Pages

Sunday, March 2, 2014

ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း မိုင်းလား အထူးဒေသ(၄)အဖွဲ့အား လက်ခံတွေ့ဆုံ


ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း 
မိုင်းလား အထူးဒေသ(၄) ဒုတိယ ဥက္ကဋ္ဌ ဦးဆမ်လူ ခေါင်းဆောင်သော 
ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံစဉ်

နေပြည်တော် ၊ ၂-၃-၂၀၁၄

ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်သူ့ လွှတ်တော် ၊ တိုင်းရင်းသား ရေးရာ ၊ ကျေးလက် လူမှုဘ၀ မြှင့်တင်ရေးရာ နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ၏ တင်ပြချက် အရ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေး နှင့် အိမ် အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူခြင်း အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန် နေပြည်တော် သို့ ရောက်ရှိ နေသည့် မိုင်းလား အထူးဒေသ(၄) ဒုတိယ ဥက္ကဋ္ဌ ဦးဆမ်လူ ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေအိမ်၌ ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လက်ခံ တွေ့ဆုံ ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့ လွှတ်တော် ၊ တိုင်းရင်းသား ရေးရာ ၊ ကျေးလက် လူမှုဘ၀ မြှင့်တင်ရေးရာ နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော် နှင့် ပြည်သူ့ လွှတ်တော် ရုံးမှ တာဝန်ရှိ သူများ တက်ရောက် ကြကြောင်း သိရှိရသည်။ (သတင်းစဉ်)

No comments:

Post a Comment