Pages

Thursday, March 20, 2014

နိုင်ငံတော်အဆင့် အမျိုးသား တက္ကသိုလ်များ တည်ထောင်မည်


ရန်ကုန် ၊ ၂၀-၃-၂၀၁၄

မြန်မာ တစ်နိုင်ငံလုံး အတွက် နိုင်ငံတော် အဆင့် အမျိုးသား တက္ကသိုလ် ( National University ) ၇ ခု တည်ထောင် သွားရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာန ၊ အဆင့်မြင့် ပညာ ဦးစီးဌာန မှ သိရသည်။

အဆိုပါ နိုင်ငံတော် အဆင့် အမျိုးသား တက္ကသိုလ် ၇ ခုကို ရန်ကုန်တိုင်း ဒေသကြီး ၌ ၃ ခု ၊ မန္တလေးတိုင်း ဒေသကြီး ၌ ၃ ခုနှင့် နေပြည်တော် ၌ တစ်ခု စသည်ဖြင့် စုစုပေါင်း တက္ကသိုလ် ၇ ခု တည်ထောင် သွားမည် ဖြစ်ကြောင်း နိုင်ငံတော်၌ အဆင့်မြင့် ပညာရေး ကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန် ကြိုးပမ်း ဆောင်ရွက် ရာတွင် တက္ကသိုလ်များ တစ်ခုနှင့် တစ်ခု ပေါင်းစပ် ညှိနှိုင်း ဖွဲ့စည်းကာ ဆောင်ရွက်နိုင် စေရန် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် နိုင်ငံတော် အဆင့် အမျိုးသား တက္ကသိုလ် ( National University ) များကို နိုင်ငံ၏ အချက်အချာ ကျသော ဒေသများ၌ တည်ထောင် သွားရန် စီစဉ် ရခြင်း ဖြစ်ကြောင်း အဆင့်မြင့် ပညာ ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ရန်ကုန် အမျိုးသား တက္ကသိုလ် ကို တည်ထောင် ရာတွင် ရန်ကုန်၌သာ ရှိသော တက္ကသိုလ် တချို့ ကို စုစည်းပြီး ၀ိဇ္ဇာ ၊ သိပ္ပံ ၊ စီးပွားရေး ၊ ဆေး ၊ နည်းပညာ ၊ ကွန်ပျူတာ စသည့် အထူးပြု ပညာရပ် ဆိုင်ရာ သင်တန်းများ ကို ထည့်သွင်း ဖွင့်လှစ်ကာ National University of Yangon အမည်ရှိ ရန်ကုန် အမျိုးသား တက္ကသိုလ် ကြီးကို နိုင်ငံတကာ အဆင့်မီ တည်ဆောက် ဖွင့်လှစ် သွားရန် စီစဉ် ထားသကဲ့သို့ အလားတူ ပေါင်းစပ် ဖွဲ့စည်း ထားသော National University of Mandalay နှင့် National University of Naypyitaw စသည်တို့ကိုလည်း တည်ထောင် သွားမည်ဟု သိရှိရသည်။ ( ဆောင်းဦး )

No comments:

Post a Comment