Pages

Tuesday, March 11, 2014

ဂွေးချောင်းခံတပ် နှင့် မြန်မာ အမွေအနှစ်ဒေသများ ကမ္ဘာ့စရင်းဝင် ဖြစ်ရေး ဆောင်ရွက်လျက်ရှိ


ဂွေးချောင်းခံတပ်


အေဒီ ၁၈၆၀ မှ ၁၈၆၃ အတွင်း အီတလီ ပညာရှင် ပုံထုတ် တည်ဆောက် ခဲ့သည့် ဂွေးချောင်းခံတပ် အပါအ၀င် မြန်မာ့ အမွေအနှစ် ဒေသများ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်ရေး ဆောင်ရွက် နေကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန မှ သိရသည်။

အီတလီ ပညာရှင်များ ပုံထုတ် တည်ဆောက် ခဲ့သော စနစ်ကျ ကောင်းမွန်သည့် ခံတပ် တစ်ခုလည်း ဖြစ်သည့် ဂွေးချောင်းခံတပ် ကို မပျက်စီးအောင် စနစ်တကျ ထိန်းသိမ်း ထားရှိပြီး ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လေ့လာနိုင်ရေး အတွက် Visitor Fasilities လုပ်ငန်းများကို နှစ်တို နှစ်ရှည် လျာထား စီမံချက် ရေးဆွဲ ဆောင်ရွက် သွားရန် ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ဂွေးချောင်းခံတပ် သည် မကွေးမြို့ မှ ၂၂ မိုင် ကွာဝေးပြီး ဧရာဝတီမြစ် ၏ အရှေ့ဘက်ကမ်း တွင် တည်ရှိသည်။ ထိုကဲ့သို့ ဂွေးချောင်းခံတပ် အပါအ၀င် မြန်မာ့ အမွေအနှစ် များကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းခြင်း လုပ်ငန်း ဆောင်ရွက် ရာတွင် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် လုပ်ငန်းများ အပြင် ရေရှည် ဆောင်ရွက်ရန် လိုအပ်သည့် သုတေသန လုပ်ငန်းနှင့် ထိန်းသိမ်းရေး လုပ်ငန်းများ ကိုလည်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ တွင် မြို့ပြ လူနေမှု စနစ် အစောဆုံး စတင် ထွန်းကားခဲ့သည့် ဟန်လင်း ၊ ဗိဿနိုး နှင့် သရေ ခေတ္တရာ မြို့ဟောင်း ၃ မြို့ ကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းခြင်း ပထမ အဆင့်ဖြစ်သော မြေပုံများ ရှင်းလင်းချက်များ ၊ ကမ္ဘာ့ အမွေအနှစ် ဆိုင်ရာ တင်ပြချက် များကို ယူနစ်စကို လက်အောက်ရှိ ကမ္ဘာ့ အမွေအနှစ် ဗဟိုဌာန ( World Heritage Center ) သို့ ရေးသား ပေးပို့ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ (အိအိအောင်)

No comments:

Post a Comment