Pages

Thursday, March 13, 2014

ထိုင်ဝမ်ဆက်သွယ်ရေးကုမ္ပဏီ မြန်မာ့ ဆက်သွယ်ရေးကွန်ရက် တွင် လုပ်ကိုင်မည်



ရန်ကုန် ၊ ၁၃-၃-၂၀၁၄

ပြည်ပနိုင်ငံ မှ ရင်းနှီးမြှုပ်နှံ သူများနှင့် လုပ်ငန်းရှင် များကို ပြည်တွင်း၌ လာရောက် လုပ်ကိုင် ဆောင်ရွက်ရန် ဖိတ်ခေါ် ထားပြီ ဖြစ်သော မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေး ကဏ္ဍတွင် ထိုင်ဝမ် နိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သော Chunghwa Telecom (CHT) သည် ၀င်ရောက် လုပ်ကိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိရာ ယခုနှစ် အတွင်းမှာပင် မြန်မာနိုင်ငံ ၌ ၄င်း၏ ကုမ္ပဏီ ရုံးခန်း တစ်ခု ဖွင့်လှစ်ကာ စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက် သွားမည် ဖြစ်သည်။

Chunghwa Telecom ကုမ္ပဏီ သည် အာရှဒေသရှိ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက် နေသည့် ကုမ္ပဏီကြီးများ ထဲတွင် တစ်ခု အပါအ၀င် ဖြစ်ပြီး မြန်မာနိုင်ငံ တွင်မူ ရေအောက် ကေဘယ်လ်လိုင်း များ တည်ဆောက်ခြင်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ် ထားကြောင်း သိရသည်။

ထို့အပြင် တခြား ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ ဖြစ်သော ဆက်သွယ်ရေးလိုင်း ၀န်ဆောင်မှု ၊ မိုဘိုင်းလ် ၀န်ဆောင်မှု ၊ Broadband ၀န်ဆောင်မှု နှင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း များကိုလည်း လုပ်ကိုင် ဆောင်ရွက်ရန် အစီအစဉ်များ ရှိပြီး ယခုအခါ မြန်မာနိုင်ငံ ဆက်သွယ်ရေး ၀န်ဆောင်မှု ဈေးကွက် အတွင်းသို့ စတင် ၀င်ရောက်ရန် နိုင်ငံခြား ကုမ္ပဏီများ ၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့်အတူ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိသည်။

လာမည့် နှစ်အနည်းငယ် အတွင်း မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲမှု ပမာဏကို ၈၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ရန် ရည်မှန်းချက် ထားခြင်း အပေါ် CHT ကုမ္ပဏီ အနေဖြင့် တစ်ဖက်တစ်လမ်း မှ အကောင် အထည်ဖော် ဆောင်ရွက် ပေးလိုသဖြင့် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံရန် စီစဉ် ရခြင်း ဖြစ်ကြောင်း ၊ ယခုနှစ် အတွင်းမှာပင် မြန်မာနိုင်ငံ အပြင် ဖိလစ်ပိုင် နိုင်ငံ၌လည်း CHT ကုမ္ပဏီ ရုံးခန်းဖွင့်လှစ်ပြီး ဆက်သွယ်ရေး လုပ်ငန်းများ ကိုဆောင်ရွက် သွားရန် စီစဉ် ထားကြောင်း အဆိုပါ ကုမ္ပဏီ ၏ နိုင်ငံတကာ စီးပွားရေး အကြံပေး ဥက္ကဋ္ဌ က ပြောကြား ခဲ့ကြောင်း သိရှိရသည်။ (ဆောင်းဦး)

No comments:

Post a Comment