Pages

Tuesday, January 21, 2014

သြစတြေးလျနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် HMAS CHILDERS ရန်ကုန်မြို့သို့ ရောက်ရှိ


သြစတြေးလျ နိုင်ငံ ရေတပ်မှ စစ်ရေယာဉ်မှူး LCDRC. Brough နှင့် အဖွဲ့ဝင်များအား 
တပ်မတော်(ရေ) မှ အရာရှိကြီးများက ကြိုဆို နှုတ်ဆက်ကြစဉ်


ရန်ကုန် ၊ ၂၁-၁-၂၀၁၄

သြစတြေးလျ နိုင်ငံရေတပ် မှ စစ်ရေယာဉ် HMAS CHILDERS သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရန်ကုန်မြို့ ၊ သန်လျင် သီလ၀ါဆိပ်ကမ်း MITT တံတားသို့ ယမန်နေ့ နံနက် ၈ နာရီတွင် ရောက်ရှိလာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများ ၊ အရာရှိ ၊ စစ်သည်များက နွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် စစ်ရေယာဉ်မှူး LCDRC. Brough ဦးစီး၍ အရာရှိ ၃ ဦး ၊ အခြားအဆင့် ၂၄ ဦး လိုက်ပါ လာကြသည်။

၎င်း စစ်ရေယာဉ် သည် မြန်မာနိုင်ငံ တွင် ဇန်န၀ါရီ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်ကြာ နေထိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ အိမ်နီးချင်း မိတ်ဆွေ နိုင်ငံများမှ စစ်ရေယာဉ်များ မကြာခဏ လာရောက် လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံ ရေတပ် အချင်းချင်း သာမက နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှု ၊ ယုံကြည်မှု နှင့် ပူးပေါင်း ဆောင်ရွက်မှု များကို ပိုမို မြှင့်တင် ဆောင်ရွက် လာနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment