Pages

Thursday, January 16, 2014

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဖြင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေး

တိုင်းမှူး ဗိုလ်မှူးချုပ် လူအေး တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့က
ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု 
ဆောင်ရွက်ပေးနေမှုအား ကြည့်ရှု အားပေးစဉ်

တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့က
ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၁၆-၁-၂၀၁၄

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ သွားလာမှု ခက်ခဲသော ပန်းတနော် မြို့နယ် ၊ ဒေါင့်ကြီးကျေးရွာ နှင့် ပတ်ဝန်းကျင် ကျေးရွာ ၂၁ ရွာမှ ဒေသခံ ပြည်သူ ၈၄၄ ဦးအား တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) မှ တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့က ယမန်နေ့တွင် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုကို အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လူအေး က သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားပြီး စားသောက် ဖွယ်ရာများ ထောက်ပံ့ ပေးအပ်၍ ဒေါင့်ကြီး ကျေးရွာရှိ ရပ်မိရပ်ဖ အလှူရှင်များက ဆေးကုသရေး အဖွဲ့များ နှင့် လူနာများ အတွက် မုန့်ဟင်းခါ ဖြင့် ဧည့်ခံ နေမှုအား ကြည့်ရှု အားပေးသည်။

ထို့နောက် တိုင်းမှူး သည် ဒေါင့်ကြီး ကျေးရွာရှိ သုဓမ္မရံသီ ဘုန်းတော်ကြီး ကျောင်း ဆရာတော် အား ဖူးမြော်ပြီး ဗလာစာအုပ် နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ ကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းခွဲ သို့ သွားရောက်၍ ကျောင်းသုံး ဗလာစာအုပ်များ ထောက်ပံ့ လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment