Pages

Thursday, January 16, 2014

(၅၂)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ


နေပြည်တော်တိုင်းစစ်ဌာနချုပ် အသင်းနှင့်
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းတို့ ယှဉ်ပြိုင်ကစားစဉ်

နေပြည်တော် ၊ ၁၆-၁-၂၀၁၄

(၅၂) ကြိမ်မြောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော် (ကြည်း ၊ ရေ ၊ လေ) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော် ရှိ ဇေယျာသီရိ တပ်မတော် အားကစားကွင်း ၌ ကျင်းပ ပြုလုပ်ရာ အဆိုပါ ဖွင့်ပွဲ အခမ်းအနား သို့ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ ၊ တပ်နယ် မှ အရာရှိကြီးများ ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း ၊ ရေ ၊ လေ) မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများ ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ တပ်နယ် ၆ ခုမှ အရာရှိ ၊ စစ်သည် နှင့် မိသားစုများ တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ စစ်ရေးပြမှူး ဦးဆောင်သော အလံတော် အဖွဲ့နှင့် ဘောလုံး အသင်း ၁၆ သင်းမှ အားကစား သမားများသည် ကွင်းအတွင်းသို့ ၀င်ရောက် နေရာယူ ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး က တပ်မတော် (ကြည်း ၊ ရေ ၊ လေ) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အမှာစကား ပြောကြားသည်။

ထို့နောက် တပ်မတော် (ကြည်း ၊ ရေ ၊ လေ) ဘောလုံးပြိုင်ပွဲ (က)အဆင့် ၊ ဒုတိယအဆင့် ရှုံး-ထွက် ပွဲစဉ်ဖြစ်သော နေပြည်တော်တိုင်း စစ်ဌာနချုပ် အသင်းနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ အခမ်းအနား သို့ တက်ရောက် ကြသူများက ကြည့်ရှု အားပေးကြသည်။ ပြိုင်ပွဲတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် အသင်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းကို ၃ ဂိုး - ၂ ဂိုးဖြင့် အနိုင် ရရှိသွားသည်။

အဆိုပါ (၅၂) ကြိမ်မြောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖလား တပ်မတော် (ကြည်း ၊ ရေ ၊ လေ) ဘောလုံးပြိုင်ပွဲ ပထမအဆင့် အုပ်စု ပတ်လည် ပြိုင်ပွဲများကို သတ်မှတ် ထားသည့် ဇုန်များအလိုက် ယှဉ်ပြိုင် ကစားခဲ့ကြပြီး နေပြည်တော်၌ ဒုတိယအဆင့် ရှုံး-ထွက် ပွဲစဉ်များ နှင့် ဗိုလ်လုပွဲအား ဇန်န၀ါရီ ၃၁ ရက်အထိ ပြိုင်ပွဲဝင် ၁၆ သင်း ဖြင့် ယှဉ်ပြိုင် ကစား သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment