Pages

Tuesday, December 10, 2013

Special Olympic 1st Asia Pacific Regional Games တွင် မြန်မာဉာဏ်ရည် မမီ အားကစားအဖွဲ့ ရွှေရှစ်ခု ငွေငါးခု ကြေးသုံးခု ရယူကာ ရန်ကုန်မြို့သို့ ရောက်ရှိ



ရန်ကုန် ၊ ၁၀-၁၂-၂၀၁၃

သြစတြေးလျ နိုင်ငံ နယူးကာဆယ် မြို့တွင် ပထမဆုံး အကြိမ် အဖြစ် ကျင်းပသော Special Olympic 1st Asia Pacific Regional Games တွင် မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ် အောက်ရှိ မြန်မာနိုင်ငံ ဉာဏ်ရည် မမီ အားကစား အဖွဲ့ အနေဖြင့် ရွှေရှစ်ခု ၊ ငွေငါးခု နှင့် ကြေးတံဆိပ် သုံးခု ရယူကာ ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာကြောင်း သိရသည်။

အဆိုပါ ရောက်ရှိရာသို့ မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ မြန်မာနိုင်ငံ ဉာဏ်ရည် မမီသူများ ဥက္ကဋ္ဌ ဦးမျိုးမြင့် နှင့် အဖွဲ့ချုပ် မှ တာဝန်ရှိ သူများ ၊ ပြိုင်ပွဲဝင် အားကစား သမား မိဘများနှင့် ဉာဏ်ရည် မမီသူ အားကစား အဖွဲ့အား အားပေးသော ပရိသတ်များက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ အောင်ပွဲခံ ပန်းစည်း များဖြင့် နွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဉာဏ်ရည် မမီ အားကစား အဖွဲ့ အနေဖြင့် ကစားနည်း လေးမျိုး ယှဉ်ပြိုင် ခဲ့ရာ ပြေးခုန်ပစ်တွင် ရွှေငါးခု ၊ ငွေသုံးခု ၊ ကြေးနှစ်ခု ၊ ဘိုချီ ကစားနည်းတွင် ရွှေနှစ်ခု နှင့် ကြေးတစ်ခု ၊ ဘိုးလိန်း ကစားနည်းတွင် ရွှေတစ်ခု နှင့် ငွေနှစ်ခု တို့ ရရှိ ခဲ့သည့်အပြင် ငါးယောက်တန်း ဘောလုံး ပြိုင်ပွဲတွင် စတုတ္ထဆု ရရှိခဲ့သည်။ မြန်မာအသင်း အနေဖြင့် နိုဝင်ဘာ ၂၇ ရက်မှ စတင် ထွက်ခွာ သွားရာ ဒီဇင်ဘာ ၉ ရက်တွင် ပြန်လည် ရောက်ရှိ လာကြောင်း သိရှိရသည်။

No comments:

Post a Comment