Pages

Tuesday, December 10, 2013

အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပမည့် မန္တလာသီရိ အဆင့်မြင့် အားကစားကွင်း ၌ အလံတင် အခမ်းအနား ကျင်းပ



မန္တလေး ၊ ၁၀-၁၂-၂၀၁၃

၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ကျင်းပမည့် မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည် မြို့နယ်ရှိ မန္တလာသီရိ အဆင့်မြင့် အားကစားကွင်း ၌ ယမန်နေ့ နံနက် ၈ နာရီက အလံတင် အခမ်းအနား ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့် နှင့် ဇနီး ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမောင် ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့အစည်း ၀င် ၀န်ကြီးများ ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ ၊ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အမျိုးသမီး ဘောလုံး အသင်းများ ၊ ဖိတ်ကြား ထားသူများ စုံလင်စွာ တက်ရောက် ကြကြောင်း သိရသည်။

အစီအစဉ်အရ အလံကိုင် အဖွဲ့က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံ ၊ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အထိမ်းအမှတ် အလံ ၊ (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အထိမ်းအမှတ် အလံများကို လွှင့်တင် ကြသည်။ ထို့နောက် အရှေ့တောင် အာရှ နိုင်ငံအလံများ ကို အဆင့်ဆင့် လွှင့်တင် ကြသည်။ အလံတင် အခမ်းအနား အပြီးတွင် မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့် နှင့် အဖွဲ့ဝင် များက အမျိုးသမီး ဘောလုံး ပြိုင်ပွဲတွင် ယှဉ်ပြိုင် ကြမည့် အားကစား သမားများ ကို ရင်းရင်း နှီးနှီး နှုတ်ဆက် ကြကြောင်း သိရှိရသည်။




No comments:

Post a Comment