Pages

Thursday, December 5, 2013

တရုတ်နိုင်ငံ က ပထမဆုံး လေယာဉ်တင်သင်္ဘော အခြေစိုက် J-15 တိုက်လေယာဉ်များ အမြောက်အမြား ထုတ်လုပ်လျက်ရှိ


လျောင်နင်းလေယာဉ်တင် သင်္ဘောပေါ်တွင် တွေ့ရသည့် Shenyang J-15

ပေကျင်း ၊ ၅-၁၂-၂၀၁၃

တရုတ်နိုင်ငံ ၏ ပထမဆုံး လေယာဉ်တင် သင်္ဘော အခြေစိုက် Shenyang J-15  တိုက်လေယာဉ်ကို Shenyang လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီက အမြောက်အမြား ထုတ်လုပ်ခဲ့ပြီး အဆိုပါ တိုက်လေယာဉ် များကို တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ်ရှိ တပ်ဖွဲ့များ ထံသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း တရုတ်နိုင်ငံ အခြေစိုက် Sina စစ်ဘက်ဆိုင်ရာ ကွန်ရက် က ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

Shenyang J-15 တိုက်လေယာဉ် သည် တရုတ်နိုင်ငံ ၏ ပထမဆုံး လေယာဉ်တင် သင်္ဘော အခြေစိုက် တိုက်လေယာဉ် ဖြစ်သောကြောင့် ၄င်း တိုက်လေယာဉ် သည် လျောင်နင်းေ လယာဉ်တင် သင်္ဘော၏ တိုက်ခိုက်ရေး စွမ်းရည် မြှင့်တင်ရေး ဆိုင်ရာ တရုတ်ရေတပ် ၏ ရည်မှန်းချက် များတွင် အရေးပါသော အခန်းကဏ္ဍ တစ်ရပ် အဖြစ် ပါဝင်လျက် ရှိသည်။

Shenyang J-15 တိုက်လေယာဉ် သည် ရုရှား နိုင်ငံထုတ် Sukhoi Su-33 လေယာဉ်တင် သင်္ဘော အခြေစိုက် တိုက်လေယာဉ် ကို အခြေခံ၍ တည်ဆောက် ထားကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် Shenyang J-15 တိုက်လေယာဉ် ရှေ့ပြေး ပုံစံ စုစုပေါင်း ၉ မျိုး ပိုင်ဆိုင် ထားကြောင်းနှင့် ၄င်းတို့အနက် ၇ မျိုးသည် တစ်ယောက်စီး တိုက်လေယာဉ်များ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment