Pages

Friday, December 20, 2013

မောင်းသူမဲ့လေယာဉ်များ၏ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ နိုင်ငံတကာဥပေဒ နှင့်အညီ လုပ်ဆောင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချမှတ်


နယူးယောက် ၊ ၂၀-၁၂-၂၀၁၃

မောင်းသူမဲ့ လေယာဉ်များ၏ တိုက်ခိုက်မှု နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ နိုင်ငံများက နိုင်ငံတကာ ဥပဒေ နှင့်အညီ လုပ်ဆောင်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ဆုံးဖြတ်ချက် တစ်ရပ်ကို တညီ တညွတ်တည်း ချမှတ်ခဲ့ကြောင်း ယမန်နေ့ အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် အကြမ်းဖက် တိုက်ဖျက် ရေးကို လုပ်ဆောင် ရာတွင် ကုလသမဂ္ဂ ချာတာ စာတမ်းပါ အချက် အလက်များ အပါအဝင် နိုင်ငံတကာ ဥပဒေနှင့် လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေများကို လေးစား လိုက်နာ သင့်ကြောင်း အဆိုပါ ဆုံးဖြတ်ချက် တွင် ဖော်ပြ ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ အဆိုပါ ဆုံးဖြတ်ချက် သည် နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် မောင်းသူမဲ့ လေယာဉ်များ၏ တိုက်ခိုက်မှု ကြောင့် အရပ်သားများ သေဆုံးခဲ့ ပြီးနောက် ပါကစ္စတန် အစိုးရက ယင်းအဖွဲ့ကြီး ကို တားမြစ် ပိတ်ပင်ရန် ထပ်ကာ တလဲလဲ တောင်းဆို ပြီးနောက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အမေရိကန် အစိုးရ၏ မောင်းသူမဲ့ လေယာဉ်များ၏ တိုက်ခိုက်မှုကို ဆန့်ကျင်သည့် အနေဖြင့် ပါကစ္စတန် ပြည်သူများသည် နိုင်ငံအတွင်း သီတင်း တစ်ပတ်အကြာ ဆန္ဒပြလျက် ရှိကြောင်း သိရသည်။

ပါကစ္စတန် အစိုးရသည် ၄င်းတို့ နိုင်ငံပိုင်နက် အတွင်း မောင်းသူမဲ့ လေယာဉ်များ အသုံးပြု၍ တိုက်ခိုက်ခြင်းကို ရပ်တန့်ပေးရန် အမေရိကန် အစိုးရ ကို တောင်းဆို ထားခဲ့ သော်လည်း အမေရိကန် ပြည်ထောင်စု ကယင်း နိုင်ငံအတွင်း တိုက်ခိုက်မှု များကို ဆက်လက် လုပ်ဆောင်ဆဲ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment