Pages

Friday, December 27, 2013

မူးယစ်ဆေးဝါး ချက်လုပ်သော စခန်းပုန်းနှစ်ခုအား လက်နက်ခဲယမ်း များနှင့်အတူ ဖော်ထုတ် သိမ်းဆည်းရမိ


ဖမ်းဆီးရမိသော တရားခံများအား လက်နက်ခဲယမ်း များ
မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်
အသုံးပြုသည့် ပစ္စည်းများ

နေပြည်တော် ၊ ၂၇-၁၂-၂၀၁၃

ကွတ်ခိုင် မြို့နယ် အတွင်းရှိ နယ်မြေခံ ပြည်သူများ၏ သတင်းပေး ချက်အရ ဒီဇင်ဘာ ၂၅ ရက် နံနက် ၆ နာရီခွဲ အချိန်တွင် နယ်မြေခံ တပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့်အတူ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ဌာနမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့သည် နယ်မြေရှင်းလင်း ဆောင်ရွက်ရာ ရှောက်ဟော် ကျေးရွာ နှင့် လုံထန် ကျေးရွာကြား တွင် အဆောက်အအုံ လေးလုံး တွေ့ရှိပြီး ၄င်း အဆောက်အအုံ များ အတွင်း ရှာဖွေရာ ရန်ကွယ်ကျိုက် (ဘ) ဦးရန်ခိုက်ကျန် ၊ လီကွယ်ရှိုး (ဘ) ဦးလီတိချုံ ၊ ကွယ်ရုတ်နိုင်း (ဘ) ဦးကွယ်ရီချိုက် ၊ ရှောက်ဟော်ကျေး ရွာနေ သုံးဦးနှင့် အတူ အေကေ (၄၇) သေနတ် တစ်လက် ၊ ပါရာပစ္စတို တစ်လက် ၊ ဘိန်းညို ၁ ဒသမ ၅ ကီလိုဂရမ် သုံးထုပ် ၊ သုည ဒသမ ၉ ကီလိုဂရမ် တစ်ထုပ် ၊ စုစုပေါင်း ၅ ဒသမ၄ ကီလို ၊ ဘိန်းစိမ်း ၁ ဒသမ ၁၅ ကီလို ၊ ဖီနိုင်း အက်စီတစ် အက်စစ် ငါးဂါလန်ဝင် လေးပုံး ၊ လွိုင်ဇော နှင့် အက်စစ်ရော ငါးဂါလန် ဝင် ၁၆ပုံး ၊ ဟိုက်ဒရို ကလိုရစ် အက်စစ် ၂ ဒသမ ၅ လီတာဝင် ၂၆ ပုံး ၊ အမိုနီယမ် ကလိုရိုက် ၁ ဖာနှင့် မူးယစ်ဆေးဝါး ချက်လုပ် ရာတွင် အသုံးပြုသည့် ပစ္စည်းများ နှင့် မော်တော်ယာဉ် တိုက်ဂါးဖိုးဝှီး တစ်စီး နှင့် ဆာ့ဖ် တစ်စီးတို့အား ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီး ရမိသော တရားခံ များအား စစ်ဆေး ဖော်ထုတ်ချက် အရ ရှောက်ဟော် ကျေးရွာ၏ အနောက်မြောက် ဘက်ရှိ မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာအား တပ်မတော် စစ်ကြောင်းမှ ဆက်လက် ရှင်းလင်းခဲ့ရာ ယာယီတဲ သုံးလုံး အတွင်းမှ ဝင်ချက်စတာ သေနတ် တစ်လက် ၊ ၁၂x၈ ပေ အကျယ် တာပေါ်လင် မိုးကာစဖြင့် ပြုလုပ်ထား သည့် ၈ လက်မ အမြင့်ရှိ ဘိန်းနှင့် လွိုင်ဇော ရောစပ် ထားသည့် ကန်တစ်ကန် ၊ အမိုနီယမ် ကလိုရိုက် အမှုန့် ၂၅ ကီလိုခန့်ပါ နှစ်အိတ် ၊ အမိုနီယမ် ကလိုရိုက် အခဲ တစ်ဖာ ၊ မီးဖိုပေါ်တွင် ဘိန်းဖျော်စပ် ရန် ပြုလုပ်ထားသည့် ဘိန်းစစ်ဖက် ထည့်ထားသော သံပီပါ သုံးလုံး ၊ ဘိန်းဖျော်ရည် ငါးလီတာ ခန့်ပါ ကြွေကတော့ တပ်လျက် ဖန်ပေါင်းချောင် တစ်ခု ၊ လွိုင်ဇော နှင့် အက်စစ် ရောစပ် ထားသည့် ငါးဂါလန်ဝင် ပုံးရှစ်ပုံး ၊ ဟိုက်ထရို ကလိုရစ် အက်စစ် ၂ ဒသမ ၅ လီတာခန့် ပါ ခုနစ်ပုံး ၊ ဟိုက်ဒရို ကလိုရစ် အက်စစ် နှစ်ဂါလန်ခန့် ပါ တစ်ပုံး ၊ ထုံးအိတ် ရှစ် အိတ်နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ အား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်း ရမိသော မူးယစ်ဆေးဝါး များ၏ စုစုပေါင်း တန်ဖိုးမှာ ၁၅ဝဝ သိန်းခန့် ဖြစ်ကြောင်း နှင့် ဖမ်းဆီးရမိ သူများနှင့် ပတ်သက်၍ ဆက်လက် ဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။



No comments:

Post a Comment