Pages

Friday, December 27, 2013

စည်းစိမ်ဥစ္စာ ရာထူးဂုဏ်ထူး တို့ဖြင့် ကျော်ဇောလိုလျှင်


စည်းစိမ်ဥစ္စာ ရာထူးဂုဏ်ထူး တို့ဖြင့် ကျော်ဇောလိုလျှင်

ဤလောက၌ လူတို့သည် စည်းစိမ်ဥစ္စာ ချမ်းသာခြင်း ၊ ရာထူး ဂုဏ်ထူး တို့ဖြင့် တင့်တင့် တယ်တယ် နေလိုခြင်း ၊ ကြီးမြတ်သော ကျော်ဇောခြင်း တို့ကို ပိုင်ဆိုင်ကြ ပါလို၏လော။ နည်းလမ်း ကောင်းရှိ၏။ ထို နည်းလမ်း ကောင်းကား ဗုဒ္ဓ၏ တရားဓမ္မ အတိုင်း ကျင့်ကြံ နေထိုင်ခြင်းပင် ဖြစ်သည်။

'' လုံ့လလည်းရှိ ၊ သတိလည်းရှိ ၊ အပြစ်ကင်းသော အလုပ်ကိုလည်း ပြုလုပ်တတ် ၊ အမှုကိစ္စ ဟူသမျှကို ပညာဖြင့် ဆင်ခြင်၍ ပြုလုပ်လေ့ လည်းရှိ ၊ ကိုယ် ၊ နှုတ် ၊ စိတ်သုံးပါး ကိုလည်း စောင့်စည်း လေ့ရှိ ၊ တရားသဖြင့် အသက်မွေးလေ့ လည်းရှိ၍ မမေ့ မလျော့သော သူတို့မှာ စည်းစိမ် ဥစ္စာ ရာထူး ကျေးဇူး သတင်း ကျော်ဇောခြင်း အလွန်တိုးပွား လေ၏။ ''ဟု ဓမ္မပဒ၌ ဆိုထားသည်။

လူသားတိုင်း သည် စည်းစိမ် ဥစ္စာ တိုးပွား လို၍ လည်းကောင်း ၊ ရာထူးဂုဏ်ထူး တို့ဖြင့် တင့်တယ် လိုကြ၍ လည်းကောင်း ၊ ကျော်ဇောခြင်း ဖြစ်လိုကြ၍ လည်းကောင်း ဓမ္မပဒ တရားတော် အတိုင်း နေထိုင် ကျင့်ကြံအပ် ပေသည်။

ဓမ္မနှင့်ဘဝ ပေါင်းစပ် ခြင်းဖြင့် ဘဝတိုးတက် နိုင်၏။ ဓမ္မသည် ဘဝ၏ လမ်းညွှန် ဖြစ်၏။ ဘဝ၏ ဆရာ ဖြစ်သည်။ ဓမ္မသည် ယခုဘဝတွင် သာမက နိဗ္ဗာန် ရောက်သည့် တိုင်အောင် လမ်းညွှန်ပေး
နိုင်စွမ်း၏။ ထို့ကြောင့် ဓမ္မဂုဏော အနန္တော ဟု ဆိုကြခြင်း ဖြစ်သည်။

စည်းစိမ်ဥစ္စာ ၊ ရာထူးနှင့် ကျော်ဇောလို သူတိုင်းသည် လုံ့လဝီရိယ ရှိရမည်။ သတိလည်းရှိ ၊ အပြစ် ကင်းစင်သော အလုပ်လည်း ပြုလုပ် တတ်ရပေမည်။ ဖြစ်ပေါ် လာသည့် အမှုကိစ္စ ဟူသမျှကို လည်း ပညာဉာဏ်ဖြင့် ဆင်ခြင် သုံးသပ် တတ်သည့် အလေ့အထ လည်း ရှိရပေမည်။ ကိုယ် ၊ နှုတ် ၊ စိတ် သုံးပါးလုံး ကိုလည်း စောင့်စည်း တတ်သော အလေ့အထ ရှိရမည် ဖြစ်ပေသည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်းသည် စည်းစိမ်ဥစ္စာ ၊ ရာထူးဂုဏ်ထူး ဖြင့် ကျော်ဇောခြင်း ၊ ကြီးပွား တိုးတက်ခြင်း ဖြစ်လိုပါလျှင် ဘဝကို ဓမ္မ အလိုအရ ကျင့်ကြံ နေထိုင် လုပ်ကိုင် ကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( ၂၇-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment