Pages

Tuesday, December 3, 2013

ကိုယ်စီအားထည့် ကြိုးပမ်းလျှင် ဆန္ဒပြည့်ဝမည်


ကိုယ်စီအားထည့် ကြိုးပမ်းလျှင် ဆန္ဒပြည့်ဝမည်

မြန်မာပြည်၏ သန်း ၆ဝ ကျော် မျှသော ပြည်သူတို့၏ တစ်ဦးချင်း လိုအင်ဆန္ဒမှာ တစ်ဦးချင်းစီ အနေဖြင့် ဆန္ဒ အမျိုးမျိုး ရှိနေနိုင် သော်လည်း တူညီသောဆန္ဒများကို စုစည်း၍ အနှစ်ထုတ် လိုက်ပါက အဓိက ဆန္ဒနှစ်ခုသာ ရှိသည်ကို တွေ့ရမည် ဖြစ်သည်။

ထိုအဓိက ဆန္ဒနှစ်ခုမှာ တိုင်းပြည် တည်တည် ငြိမ်ငြိမ် အေးအေး ချမ်းချမ်း နှင့် စည်းစည်း လုံးလုံး နေလိုသော ဆန္ဒနှင့် မိမိတို့၏ ကိုယ်စီလူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက် လိုသောဆန္ဒ တို့ဖြစ်သည်။ ထိုပြည်သူ တို့၏ အဓိကဆန္ဒ ကို ပြည်သူကို ကိုယ်စားပြု သည့် နိုင်ငံတော် မှ ဖြည့်ဆည်း ပေးနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

ရှေးအတီတေက ပင် တိုင်းရင်းသား မျိုးနွယ်စု တစ်ရာကျော် တို့သည် အေးအတူ ပူအမျှ နေထိုင်ခဲ့ ကြသည်။ ကိုလိုနီဘဝ ၌ နယ်ချဲ့တို့၏ သွေးခွဲ သပ်လျှိုမှု များကြောင့် စိတ်ဝမ်းကွဲ ခဲ့သည်များ ရှိရာမှ လက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်း တိုက်ခိုက်မှု များဖြစ်ကာ ပြည်တွင်း စစ်ပွဲများ ဖြစ်ပေါ် လာခဲ့ရသည်။ ထိုသို့ တည်ငြိမ် အေးချမ်းမှု ပျက်ပြား နေသည်ကို နိုင်ငံတော်မှ ဦးဆောင်၍ တွေ့ဆုံ ညှိနှိုင်း အဖြေရှာလျက် တည်ငြိမ် အေးချမ်းမှု ကို ကြိုးစား တည်ဆောက်လျက် ရှိရာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်နေပြီဖြစ်သည်။

မြန်မာနိုင်ငံ ပြည်သူများ၏ လူမှုစီးပွား ဘဝကို ကြည့်လျှင် သဘာဝ သယံဇာတ ၊ စိုက်ပျိုးမြေ နှင့် ရေအရင်းအမြစ် အလုပ် လုပ်ကိုင် နိုင်သည့် လူသား အရင်းအမြစ်တို့ ပေါများစွာ ရှိနေသော် လည်း ပြည်သူတို့၏ ဆင်းရဲ နွမ်းပါးမှု ရာခိုင်နှုန်း များပြား နေဆဲဖြစ်၍ နိုင်ငံတော်မှဆင်းရဲ နွမ်းပါးမှု လျှော့ချ ရေး ဆောင်ရွက်လျက် ရှိနေသည် မှာလည်း အတိုင်းအတာ တစ်ခုအထိ တိုးတက် အောင်မြင်လျက် ရှိသည်ကို တွေ့ရသည်။

ပြည်သူကို အခြေခံသော ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီသို့ ခိုင်မာသော အသွင် ကူးပြောင်းရေး အဆင့်ဆင့်ကို တက်လှမ်း နိုင်ရန်မှာ အမျိုးသား စည်းလုံး ညီညွတ်မှု စွမ်းအားမှာ အဓိက ကျသည်။ ထို့ကြောင့် အမျိုးသား စည်းလုံး ညီညွတ်မှု ကို စုစည်းနိုင်ရန် မြန်မာ့ လူ့အဖွဲ့အစည်း တွင် အစိုးရနှင့် ပြည်သူအကြား ၊ အင်စတီကျူးရှင်း များနှင့် ပြည်သူလူထု အကြား ၊ နိုင်ငံသား တစ်ဦးနှင့် တစ်ဦး အကြား အပြန်အလှန် ယုံကြည်မှုကို ပြန်လည် တည်ဆောက် ရမည် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူတို့၏ ဆန္ဒနှစ်ရပ် ဖြစ်သည့် တည်ငြိမ် အေးချမ်းပြီး တရားဥပဒေ စိုးမိုးမှု ရှိရန် နိုင်ငံနှင့် ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရန် တို့အတွက် ပြည်သူ တစ်ရပ်လုံး နိုင်ငံသား တစ်ဦးချင်း စီအနေဖြင့် မိမိတို့ ရောက်ရှိရာ နေရာမှ ယုံကြည်မှု အပြည့်ဖြင့် ကိုယ်စီ အားထည့် ကြိုးပမ်း သွားပါက မကြာမီ ကာလ၌ ပြည်သူအားလုံး၏ ဆန္ဒအမှန် ပြည့်ဝမည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက် ရပေသည်။

( ၃-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )


No comments:

Post a Comment