Pages

Wednesday, December 4, 2013

အွန်လိုင်း ဥပဒေဘွဲ့ ငါးနှစ်သင်တန်း စတင် သင်ကြားမည်



ရန်ကုန် ၊ ၄-၁၂-၂၀၁၃

ဥပဒေဘွဲ့ သင်တန်း အဖြစ် အွန်လိုင်းမှ သင်ကြား ပေးမည့် စနစ်ကို ယခုနှစ် တွင် ပထမဆုံး စတင် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ်မှ သိရသည်။

အဆိုပါ သင်တန်းသည် အွန်လိုင်း မှ သင်ယူရမည် ဖြစ်ပြီး ပညာသင်နှစ် တစ်ခုစီတွင် Semester နှစ်ခု ခွဲထားကြောင်း ၊ ငါးနှစ် သင်ယူပြီး ပါက ဥပဒေဘွဲ့ကို ရရှိမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဒီဇင်ဘာ ၆ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ပြီး တက်ရောက် လိုသူများ အနေဖြင့် ရန်ကုန် အဝေးသင် တက္ကသိုလ် သို့ လူကိုယ်တိုင် လာရောက်၍ ဖြစ်စေ ၊ အွန်လိုင်း စနစ်ဖြင့် ဖြစ်စေ လျှောက်ထား နိုင်ကြောင်း ၊ အွန်လိုင်း စနစ်ဖြင့် လျှောက်ထား လိုပါက www.ynou.edu.mm မှတစ်ဆင့် Online Register ပြုလုပ်၍ Student ID နှင့် Password တို့ကို ရယူသင် ကြားနိုင် ကြောင်း ၊ ဘွဲ့တစ်ခုခု ရရှိပြီးသူများ သည် ဘွဲ့လက်မှတ် မူရင်း ပြသ၍ လျှောက်ထား ရမည်ဖြစ်ပြီး တက္ကသိုလ် အသီးသီးတွင် တက်ရောက် နေသော ဒုတိယနှစ် နှင့် အထက် ကျောင်းသား ကျောင်းသူ များမှ လျှောက်ထား လိုပါက တက္ကသိုလ် စာမေးပွဲ အောင်လက်မှတ် (မူရင်း) ၊ အမှတ်စာရင်း ၊ ထောက်ခံစာများ ပါဝင်ရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းစနစ် ဖြင့် သင်ယူရမည့် ဥပဒေဘွဲ့ ဖြင့် နိုင်ငံတော်မှ ခေါ်ယူသော တရားသူကြီး ၊ ဥပဒေ အရာရှိ စသည့် ရာထူး စာမေးပွဲ များတွင် ၀င်ရောက် ဖြေဆိုနိုင်သော အခွင့်အလမ်း များရှိခြင်း ၊ အလုပ်သင် ရှေ့နေ အဖြစ် လုပ်ကိုင်၍ ရှေ့နေ လောကသို့ ဝင်ရောက် လုပ်ကိုင်ခြင်း စသော အခွင့် အလမ်းများ ရှိခြင်း တို့ကြောင့် စိတ်ဝင်စား သူများလျက် ရှိကြောင်း သိရှိရသည်။


No comments:

Post a Comment