Pages

Saturday, December 28, 2013

ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ စာရင်းပေးသွင်းသူများတွင် မြန်မာနိုင်ငံသား ၇၈ ရာခိုင်နှုန်းခန့် ပါဝင်


ရန်ကုန် ၊ ၂၈-၁၂-၂၀၁၃

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် First Myanmar Investment Co., Ltd တို့ ပူးပေါင်း ကြီးမှူး၍ ၂၀၁၄ ခုနှစ် ရိုးမရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန် ပြိုင်ပွဲကို ကျင်းပ သွားမည် ဖြစ်ရာ ဒီဇင်ဘာ ၂၅ ရက်အထိ ပါဝင် ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းသူ ၂၄၀၀ ခန့်ရှိလာပြီး ယင်းအနက်မှ ၇၈ ရာခိုင်နှုန်း မှာ မြန်မာ နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်တွင် ကျင်းပ သွားမည် ဖြစ်ပြီး စာရင်း ပေးသွင်းမှု ကို ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်မံ တိုးချဲ့ သတ်မှတ် ထားကြောင်း ၊ ပြိုင်ပွဲ အမျိုးအစား များဖြစ်သော ၄၂ ကီလိုမီတာ နှင့် ၂၁ ကီလိုမီတာ နှစ်ခုလုံးတွင် ပထမ ဦးဆုံး ပန်းဝင်သည့် အမျိုးသား သုံးဦး နှင့် အမျိုးသမီး သုံးဦး တို့အား ငွေသားဆုများ ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၄၂ ကီလိုမီတာ ( အပြည့် မာရသွန် ) ကို ပန်းဝင်သူ များအား တာဝင် လက်ဆောင် တီရှပ်များ ပေးအပ် သွားမည် ဖြစ်ပြီး ပြိုင်ပွဲ အမျိုးအစား အားလုံးတွင် ပန်းဝင်သူ အားလုံးကို ပန်းဝင် အထိမ်းအမှတ် ဆုတံဆိပ်များ အပြင် ကံစမ်းမဲ ၁၀ ခုကိုလည်း မဲဖောက် ပေးသွားမည် ဖြစ်သည်။

ပါဝင် ယှဉ်ပြိုင် ကြသူများ အနေဖြင့် ပြိုင်ပွဲဝင် ရာတွင် လိုအပ်သော ပစ္စည်းများ ပါဝင်သော အိတ်ကို သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ ၌ ဇန်န၀ါရီ ၁၆ ရက်မှ ၁၈ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ လာရောက် ထုတ်ယူနိုင်ပြီး ယင်းအိတ်တွင် ရိုးမရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန် တီရှပ် ၊ ပြိုင်ပွဲဝင် နံပါတ် နှင့် အပြေး လမ်းကြောင်း တို့ ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment