Pages

Friday, December 13, 2013

၂၀၁၃ ခုနှစ်၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ် ကို တိုင်းမ်မဂ္ဂဇင်း ရွေးချယ်


ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်

ဝါရှင်တန် ၊ ၁၃-၁၂-၂၀၁၃

ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ် ကို ၂ဝ၁၃ ခုနှစ်၏ အကျော်ကြားဆုံး သော ပုဂ္ဂိုလ်အဖြစ် ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်း ကြီးက ယမန်နေ့ တွင် ရွေးချယ် ခဲ့ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီး သည် အမေရိကန် သမ္မတ ဘားရက် အိုဘားမား ၊ ဆီးရီးယား သမ္မတ ဘာရှာ အယ်အာဆတ် ၊ အမေရိကန် အမျိုးသား အေဂျင်စီ မှ ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သူ အက်ဒွပ် စနိုးဒင်း ၊ အီရန် သမ္မတ ဟက်ဆန် ရိုဟာနီ နှင့် အမေရိကန် ကျန်းမာရေး နှင့် ပြည်သူ့ ဝန်ဆောင်မှု ရေးရာဝန်ကြီး ကက်သလင်းဆီး ဘီးလီးယပ်စ် တို့ကို ကျော်ဖြတ်၍ ယခုနှစ်၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံ ခဲ့ရခြင်း ဖြစ်သည်။

ပုပ်ရဟန်း မင်းကြီး ဖရန့်ဆစ်သည် လွန်ခဲ့သည့်နှစ် မတ်လ အတွင်းက ပုပ်ရဟန်း မင်းကြီး ဘန်နဒစ် ထံမှ အရိုက်အရာ ကို လွှဲပြောင်းရယူ ခဲ့ခြင်းဖြစ်ပြီး ၄င်း တာဝန်ယူစဉ် ကိုးလအတွင်း ဗာတီကန် နန်းတော် အတွင်း အပြောင်းအလဲ များစွာ လုပ်ဆောင် ခဲ့သည့်အပြင် အမျိုးသမီး များ၏ အခန်းကဏ္ဍ ၊ လက်ထပ် ထိမ်းမြားခြင်း ၊ ပွင့်လင်း မြင်သာမှု ရှိခြင်း စသည်တို့တွင် အရေးပါသည့် နေရာမှ ပါဝင်ခဲ့သည်။

အလားတူ ပုပ်ရဟန်း မင်းကြီး သည် ယခင် ပုပ်ရဟန်း မင်းကြီးများ စီးနင်းခဲ့သည့် ဇိမ်ခံ Mercedes ကားကြီး အစား ၁၉၈၄ မော်ဒယ် Renault အမျိုးအစား တစ်ပတ်နွမ်း ကားလေးကိုသာ စီးနင်းပြီး ဂုဏ် ၊ ပကာသန များကို ဖယ်ရှား ခဲ့သည်ဟု သိရသည်။

No comments:

Post a Comment