Pages

Monday, November 18, 2013

တောင်ကြီး ရှုခင်းသာပန်းခြံ ကလေးကစားကွင်း နှင့် တိရိစ္ဆာန်ဥယျာဉ် တို့တွင် အထူးစည်ကား



တောင်ကြီး ၊ ၁၈-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ စဝ်စံထွန်းရပ်ကွက် ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းနှင့် မြို့ပတ်လမ်း ရှိ ရူခင်းသာ ပန်းခြံ Eastern Amusement Park ကလေး ကစားကွင်း နှင့် တိရိစ္ဆာန် ဥယျာဉ် ၌ နိုဝင်ဘာ ၁၇ ရက် တန်ဆောင်မုန်း လပြည့်နေ့ တွင် ဒေသခံပြည်သူများ နှင့် ခရီးသွား ပြည်သူများ လာရောက် လည်ပတ်ကြ သဖြင့် အထူး စည်ကားလျက် ရှိပြီး နိုင်ငံတကာ မှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များလည်း စိတ်ဝင်တစား လာရောက် လည်ပတ်လျက် ရှိကြောင်း သိရသည် ။

အဆိုပါ ရှုခင်းသာ ပန်းခြံ၌ Eastern Amusement Park ကလေး ကစားကွင်း နှင့် တိရိစ္ဆာန် ဥယျာဉ် တို့တွင် လာရောက် ကြည့်ရှု လည်ပတ် ကြသည့် ပြည်သူများ နှင့် ကမ္ဘာလှည့် ခရီးသည် များက တိရိစ္ဆာန် များကို အစာ ကျွေးခြင်း ၊ တို့ချဲ့ဖွင့်လှစ် ထားသော Happy Baby ကလေး ကစားကွင်း တို့တွင် ကလေးငယ် များ ပျော်ရွှင်စွာ ဆော့ကစားခြင်း ၊ အမှတ်တရ ဓာတ်ပုံ ရိုက်ခြင်း ၊ ဥယျာဉ်အတွင်း လာရောက် လည်ပတ် အပန်းဖြေ ကြပြီး တောင်ကြီးရောက် အမှတ်တရ ကြိုးတံတား ပေါ်တွင် ဓါတ်ပုံ ရိုက်ကြ သူများဖြင့် အထူး စည်ကားလျက် ရှိသည် ။


ရှုခင်းသာ ပန်းခြံနှင့် တိရိစ္ဆာန် ဥယျာဉ် တို့တွင် မြို့ပေါ်ရှိ ကလေးများ ၊ ရပ်ဝေး ရပ်နီးမှ ခရီးသွား ပြည်သူများ ၊ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ အနေဖြင့် မိသားစု အလိုက် စနေ ၊ တနင်္ဂနွေ နှင့် ရုံးပိတ်ရက် များတွင် လာရောက် အပန်းဖြေ လျက်ရှိကြ သည် ။ ပန်းခြံအတွင်း ရှိ ကြိုးတံတားမှာ အရှည် (၃ဝဝ)ပေ၊ အနံ(၅)ပေ ၊ အမြင့် (၃ဝ)ပေ ရှိရာ အဆိုပါ ကြိုးတံတားကို ၁၉၉ဝ ခုနှစ်တွင် ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ တည်ဆောက် ထားရှိခဲ့ရာ ယနေ့တိုင် ခန့်ညား ထည်ဝါစွာ တည်ရှိလျက် ရှိကြောင်း သိရှိရသည်။








No comments:

Post a Comment