Pages

Monday, November 18, 2013

ပင်းတယမြို့ (၂၃)ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲ ကျင်းပ



ပင်းဒယ ၊ ၁၈-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် ၊ ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့ ၊ (၂၃) ကြိမ်မြောက် မြို့နယ် စုပေါင်း မဟာ ဘုံကထိန် ပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီ က ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးရုံး မှ မြို့နယ် ဓမ္မာရုံ ကြီးအထိ ပဒေသာပင် များကို စီတန်း လှည့်လည်ခဲ့ရာ ဒေသ ဦးစီး အဖွဲ့များ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် တာဝန် ရှိသူများ ၊ ဌာနဆိုင်များ ၊ မြို့နယ် အထောက် အကူပြု ကော်မတီများ ၊ လူမှုရေး အသင်းအဖွဲ့ များနှင့် ရပ်ကွက် ကျေးရွာ ဒေသခံ တိုင်းရင်းသား ပြည်သူများ က ပျော်ရွှင်စွာ ပါဝင် ဆင်နွဲ ခဲ့ကြသည် ။ ထို့နောက် မြို့နယ် ဓမ္မာရုံကြီး တွင် လာရောက် လှူဒါန်း ကြသည့် တိုင်းရင်းသား ပြည်သူများက မြို့နယ် သံဃာ့ နာယက သြဝါဒ စရိယ ရွာငယ်ကျောင်း ဆရာတော်ထံ မှ ငါးပါးသီလ ခံယူ ဆောက်တည်ပြီး လှူဒါန်းမှု အစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည် ။ 

အဆိုပါ မြို့လုံးကျွတ် စုပေါင်း မဟာ ဘုံကထိန် ပွဲမှ ငွေပဒေသာပင် များအား ပင်းတယ မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း (၂၈)ကျောင်း မှ ပင့်သံဃာ (၃၄)ပါးအား လှူဒါန်း ခဲ့ကြောင်း နှင့် ပဒေသာပင် များ၏ စုစုပေါင်း လှူဒါန်းငွေ တန်ဖိုးမှာ (၈၉၄၈၆ဝ၈) ကျပ် ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment