Pages

Thursday, November 21, 2013

လူထုကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ


တိုင်းရင်းသားရေးရာ ဆပ်ကော်မတီ ဥက္ကဌ ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန 
ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း က အဖွင့် အမှာစကား ပြောကြား



တောင်ကြီး ၊ ၂၁-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ မြို့တော် ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာ ဆပ်ကော်မတီ ဥက္ကဌ ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင်များ နှင့် ရှမ်းပြည်နယ် အတွင်းရှိ ဌာနဆိုင်ရာများ ၊ မြို့မိ မြို့ဖများ ၊ မြို့နယ် အထောက် အကူပြု အဖွဲ့ဝင်များ ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ နှင့် လူထု ကိုယ်စားလှယ် များ တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနား တွင် တိုင်းရင်းသား ရေးရာ ဆပ်ကော်မတီ ဥက္ကဌ ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း က အဖွင့် အမှာစကား ပြောကြား ရာတွင် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်မှု ၊ နိုင်ငံတော်၏ အခန်းကဏ္ဍ ၊ နိုင်ငံရေး အခန်းကဏ္ဍ ၊ နယ်မြေဒေသ နှင့်အညီ ဖွံ့ဖြိုး တိုးတက်မှု အခန်းကဏ္ဍ ၊ တပ်မတော်၏ အခန်းကဏ္ဍ ၊ နယ်စပ် ဒေသရှိ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်မှု နှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေး ၊ လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဗမာ တိုင်းရင်းသား ရေးရာဝန်ကြီး ၊ အင်း တိုင်းရင်းသား ရေးရာဝန်ကြီး ၊ ကယန်း တိုင်းရင်းသား ရေးရာ ဝန်ကြီးတို့က မိမိဒေသ၏ လိုအပ်ချက် များကို တင်ပြ ကြသည် ။ ဆက်လက်၍ မြို့နယ် အထောက် အကူပြု အဖွဲ့များက မိမိတို့ ဒေသတွင် လိုအပ်လျက် ရှိသော လမ်းတံတားများ ၊ လျှပ်စစ်မီး ၊ ပညာရေး ၊ ကျန်းမာရေး စသည် တို့ကို တင်ပြကြရာ သင်ဆိုင်ရာ ဝန်ကြီးဌာန များက ကဏ္ဍအလိုက် ပြန်လည် ဆွေးနွေး ပြောကြားသည် ။ 


ထို့နောက် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် များက လိုအပ်သည် များကို တင်ပြကြရာ တိုင်းရင်းသား ရေးရာ ဆပ်ကော်မတီ ဥက္ကဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း က တင်ပြချက် များကို မှတ်တမ်းတင် ထားရှိပြီး ၂ဝ၁၃ - ၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် မမီသည့် လုပ်ငန်းများကို ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာရေး နှစ်တွင် ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး  ညနေ ၅ နာရီတွင် အခမ်းအနား ကို ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။


No comments:

Post a Comment