Pages

Thursday, November 21, 2013

ကလေးလူငယ် အခွင့်အရေးများ ဆိုင်ရာ အထိမ်းအမှတ်နေ့ ကျင်းပ



မြစ်ကြီးနား ၊ ၂၁-၁၁-၂၀၁၃

ကမ္ဘာ့ ကုလသမဂ္ဂ ကလေး သူငယ် အခွင့်အရေးများ ဆိုင်ရာ အထိမ်းအမှတ်နေ့ အခမ်းအနား ကို နိုဝင်ဘာ ၂ဝ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက် လူမှုဝန်ထမ်း ဦးစီးဌာန မူလတန်းကြို ကျောင်းရှိ စန်းသီတာ ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခွန်ဖန် မှ အဖွင့် အမှာစကား ပြောကြား ခဲ့သည်။

ဆက်လက်၍ မြစ်ကြီးနားမြို့ ( Area Co-ordinator ) ရပ်ရွာ အခြေပြု ကလေး သူငယ် စောင့်ရှောက်ရေး တာဝန်ခံ ဦးထောမာ က ရတနာ့မေတ္တာ ကလေးသူငယ် စောင့်ရှောက်ရေး လုပ်ငန်း အကြောင်းအား လည်းကောင်း ၊ Save the Children စီမံကိန်း အရာရှိ ဒေါ်ဖြူဖြူဆွေ မှ အရွယ် မရောက်သေး သူများအား စစ်မှုထမ်းခြင်း မှ ကာကွယ် စောင့်ရှောက်ခြင်း လုပ်ငန်းစဉ် များအား လည်းကောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားကာ မူကြိုကလေး ငယ်များက အကပဒေသာ များဖြင့် သီဆို ဖျော်ဖြေ ကပြခဲ့သည်။


အဆိုပါ အခမ်းအနား တွင် ပြည်နယ်/ ခရိုင်မိခင် နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ကော်မတီဝင်များ ၊ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့ဥက္ကဌ ဒေါ်မိုးနီနီလွင် နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မင်းဌေး နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော် များ တက်ရောက် ကြကြောင်း သိရှိရသည်။


No comments:

Post a Comment