Pages

Tuesday, November 5, 2013

ချင်းတွင်းမြစ်ထဲက သေနတ်နှစ်လက် တွေ့ရှိသူ ရဲစခန်းသို့ သွားရောက်အပ်နှံ



မုံရွာ ၊ ၅-၁၁-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ရုံးကြီးရပ်ကွက် သလ္လာဝတီ နယ်မြေ အမှတ်(၂) ချောင်းပေါက် ဆိပ်ကမ်းတွင် ယမန်နေ့ နံနက် ၉ နာရီ က စူပါအိတ်ခွံဖြင့် ရစ်ပတ် ထားသည့် သေနတ် နှစ်လက်အား တွေ့ရှိသူမှ ယူဆောင်၍ မြို့မ ရဲစခန်းသို့ လာရောက် အပ်နှံ ခဲ့သည်ဟု မြို့မရဲစခန်း မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

သေနတ် နှစ်လက်အား တာဝန် သိသိဖြင့် ရဲစခန်းသို့ လာရောက် အပ်နှံသူမှာ မင်းမင်းဆွေ (ခ) ကိုမင်း ဆိုသူဖြစ်ပြီး ၄င်းသည် ချင်းတွင်း မြစ်ဆိပ်အနီး၌ သံတို ၊ သံစ နှင့် အခြား ပစ္စည်းများ လိုက်လံ ကောက်ယူ နေစဉ်မြစ်၏ ရေစပ်နှင့် နှစ်ပေခန့် အကွာတွင် စူပါအိတ်ခွံဖြင့် ရစ်ပတ် ထားသည့် အထုပ် တစ်ထုပ်အား တွေ့ရှိသဖြင့် သွားရောက် ကြည့်ရှုပြီး ၄င်းအထုပ်အား ဖြည်ကြည့်ရာ သေနတ်အရှည် နှစ်လက်ဖြစ်နေ သဖြင့် ရဲစခန်းသို့ လာရောက် အပ်နှံ ခဲ့ခြင်း ဖြစ်သည်။


အဆိုပါ သေနတ်များမှာ တူမီး သေနတ်များ ဖြစ်ပြီး အလျား ၄ ပေ ၃ လက်မ ခန့်ရှိ သစ်သား ကိုယ်ထည် တစ်လက် ၊ အလျား ၄ ပေ ၆ လက်မ ခန့်အရွယ်ရှိ သစ်သား ကိုယ်ထည် တစ်လက် စုစုပေါင်း နှစ်လက်ဖြစ်ပြီး ထိုသေနတ် များအား မြို့မရဲစခန်း မှတစ်ဆင့် သက်ဆိုင်ရာ သို့ ဆက်လက် လွှဲပြောင်း ပေးအပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment