Pages

Saturday, November 9, 2013

ဂြိုဟ်တုတစ်လုံး ကမ္ဘာမြေသို့ ပျက်ကျနိုင်ဖွယ်ရှိ



လန်ဒန် ၊ ၉-၁၁-၂၀၁၃

ဥရောပမှ ကမ္ဘာ့ဆွဲအား ကို စောင့်ကြည့်ရန် လွှတ်တင်ထားသော ဂြိုဟ်တု Goce သည် ရက် အနည်းငယ် အတွင်း ကမ္ဘာမြေ၏ ဆွဲအားကို ရုန်းထွက် နိုင်တော့မည် မဟုတ်ဘဲ ပျက်ကျဖွယ် ရှိသည်ဟု နယူးယောက် သတင်းစာ တွင် ဖော်ပြထားသည်။

Goce သည် နိုဝင်ဘာ ၁၀ ရက် နှင့် ၁၁ ရက် အကြားတွင် ပျက်ကျမည့် ဖြစ်ပြီး ပေါင် ၂ဝဝ ခန့်အလေးချိန် ရှိသော ဂြိုဟ်တု အပိုင်းအစ အခု ၃၀ ခန့် ကမ္ဘာမြေပေါ် သို့ ကျရောက် လာနိုင်ကြောင်း ဥရောပ အာကာသ အေဂျင်စီမှ တာဝန်ခံ တစ်ဦးက ပြောသည်။

Goce သည် အောက်တိုဘာ လမှစတင်၍ လည်ပတ်အား ကျဆင်းကာ တစ်နေ့လျှင် ၂ ဒသမ ၅ မိုင်နှုန်းဖြင့် နိမ့်ဆင်းလာပြီး နိုဝင်ဘာ ၆ ရက်နေ့တွင် ကမ္ဘာမြေ အထက် ၁၁၃ မိုင်အမြင့်မှ ၈၈ မိနစ်လျှင် တစ်ကြိမ်နှုန်း ဖြင့် ကမ္ဘာကို ပတ်လျက်ရှိပြီး ပျက်ကျသည့် အခါ ကမ္ဘာ၏ မည်သည့် အပိုင်းတွင် ကျရောက်မည်ကို ခန့်မှန်း၍ မရနိုင် သေးကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ်က နာဆာ၏ ကမ္ဘာ့ လေထု အထက်ပိုင်း လေ့လာရေး ဂြိုဟ်တု ပစိဖိတ် သမုဒ္ဒရာထဲသို့ ပျက်ကျခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း လူအများ စိုးရိမ် ထိတ်လန့် ခဲ့ကြသည်။ ထိုနှစ်တွင် ရုရှား ဂြိုဟ်တု တစ်လုံးကို အင်္ဂါဂြိုဟ် ပေါ်သို့ လွှတ်တင်ရာ စက်ချို့ယွင်းပြီး ပစိဖိတ် သမုဒ္ဒရာ အတွင်းသို့ ပျက်ကျခဲ့ရာ ဤ တစ်ကြိမ်တွင် လည်း လူတစ်ဦး တစ်ယောက် ကိုမျှ မထိခိုက်ခဲ့ကြောင်း သိရသည်။


Goce ကို ၂၀၀၉ ခုနှစ် မတ်လတွင် စတင် လွှတ်တင် ကတည်းက ပြန်ကျနိုင်ဖွယ် ရှိကြောင်း ကြိုတင် တွက်ချက် သိရှိပြီး ဖြစ်သည်ဟု သိရှိရသည်။

No comments:

Post a Comment