Pages

Sunday, November 24, 2013

ရှမ်းယွန်းထည် လုပ်ငန်းအား နိုင်ငံခြား ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လေ့လာ



ကျိုင်းတုံ ၊ ၂၄-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ တွင် မြို့ပေါ်ရှိ အထင်အရ နေရာများ နှင့်စေတီပုထိုး များအား ပွင့်လင်းရာသီ ရောက်ရှိ လာပြီ ဖြစ်သဖြင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ယခင်ကထက် ဝင်ရောက် သွားလာမှု များပြားလျှက် ရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ သည် ဟဲဟိုး ၊ တောင်ကြီးမှ တစ်ဆင့် လေကြောင်း ခရီးစဉ်ဖြင့် လည်းကောင်း ၊ အဝေးပြေး မော်တော်ယာဉ် ၊ စင်းလုံးငှား မော်တော်ယာဉ် များဖြင့် လည်းကောင်း ၊ တာချီလိတ် မှ တစ်ဆင့် မော်တော်ယာဉ် များဖြင့် လည်းကောင်း ဝင်ရောက် သွားလာ လည်ပတ်လျှက် ရှိရာ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်း က ရပ်ကွက်(၁) ၊ အိမ်အမှတ် (၂၅) ၊ စွန်မွန်းရပ် ၊ တာချီလိတ် - ကျိုင်းတုံလမ်း ရှိ ဦးမူးလိန္ဒ ၏  ရှမ်းယွန်းထည် လုပ်ငန်း ကိုလည်း  စိတ်ဝင်တစား လာရောက် လေ့လာ ဝယ်ယူ အားပေးလျှက် ရှိကြောင်း သိရသည်။ 

အဆိုပါ ရှမ်းယွန်းထည် လုပ်ငန်းသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ရိုးရာမပျက် ဆောင်ရွက်လျှက် ရှိသည့် လုပ်ငန်းကြီး တစ်ခု ဖြစ်သည့် အပြင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အထူးသဖြင့် ထိုင်းနိုင်ငံ နှင့် ပြင်သစ် နိုင်ငံသား များက ပိုမို စိတ်ဝင်စား ကြောင်း သိရသည်။ '' ယခုရက်ပိုင်း မှာတော့ ပြင်သစ် နိုင်ငံသား ခရီးသွား ဧည့်သည်များ လာရောက်ေ လ့လာမှု ပိုများပါတယ်  ၊ ယနေ့ နံနက်ပိုင်းမှာ အဖွဲ့ လေးဖွဲ့ လာရောက် ခဲ့ပါတယ် ၊ လေယာဉ် ခရီးစဉ် ရှိတဲ့ ရက်တွေမှာ တော့ လာရောက် လေ့လာသူ ပိုများပါတယ် .. .. '' ဟု အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းလုံ ၏ ပြောကြားချက် အရ သိရှိရသည်။ 


No comments:

Post a Comment