Pages

Monday, November 25, 2013

စွဲမြဲ လေ့ကျင့်ရမည့် စာဖတ်ဝါသနာ


စွဲမြဲ လေ့ကျင့်ရမည့် စာဖတ်ဝါသနာ

လူသားတို့၏ ဘုံတွင် အလုံခြုံ ဆုံးသော ဆေးဝါးမှာ စာဖတ်ခြင်း ဖြစ်သည်။ လူသားတို့၏ ပတ်ဝန်းကျင် သည် စာပေ လောက မဟုတ်သော်လည်း စာပေ အားလုံးသည် လူသားတို့၏ ပတ်ဝန်းကျင်မှ ဆင်းသက် ပေါက်ဖွား လာကြသည်။

စာပေသည် လူ့လောက၏ အလင်းရောင် ဖြစ်သည်။ ပကတိ အမှောင် ဖြစ်နေသော ဘဝ ပင်လယ်ပြင် ကျယ်ကို စာပေ မီးရှူးတန်ဆောင် ကိုင်၍ ကူးဖြတ် ရသည်။ ထို့ကြောင့် စာဖတ်ခြင်း အလေ့ကို လူတိုင်း စွဲမြဲအောင် မွေးမြူ သင့်သည်။

စာဖတ်ခြင်း သည် အားလုံး နားလည်သော ဘာသာ စကားဖြင့် သီးခြား တည်ရှိသော သုခဘုံ တစ်ခုဟု တင်စား ပြောဆို ကြသကဲ့သို့ စာပေဖြင့် မွေ့လျော် ရသော အရသာသည် အခြားသောေ ပျာ်မွေ့ ရခြင်းနှင့် မတူသည်ကို စာဖတ် ဝါသနာ ပါသူတိုင်း ဝန်ခံ ကြရသည်။

သို့သော် စာဖတ်ခြင်း ကို လူတိုင်း မလေ့ကျင့် ကြပေ။ နိဗ္ဗာန် ရောက်ရန် လူတိုင်း မလေ့ကျင့် မပွားများ သကဲ့သို့ ဖြစ်သည်။ အသိပညာ အမြုတေ အားလုံးသည် စာပေ၌ တည်ရှိ နေသည်။ ထိုရတနာ အမြုတေ တို့ကို ထုတ်ယူ သုံးစွဲသူများ ကြီးပွား တိုးတက် ကြသည်ကိုလည်း လူတိုင်း လက်ခံ ကြရပေသည်။

ထို့ကြောင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လူတိုင်း စာပေမှ ရရှိမည့် အသိပညာ များဖြင့် ပြည်သူ အားလုံး အကောင် အထည်ဖော် ပါဝင်နိုင်ရန် နိုင်ငံတော် မှ လူတိုင်း စာဖတ်နိုင်ရန် စာပေ ရေချမ်းစင်များ ဖွင့်လှစ် ပေးနေခြင်း ဖြစ်သည်။

ပြည်သူများ အနေဖြင့် နေ့စဉ် စာဖတ်သည့် အလေ့အကျင့် ကောင်းကို မွေးမြူ လေ့ကျင့်သွားရန် လိုသည်။ စာတတ် သော်လည်း စာမဖတ်လျှင် အကျိုး မဖြစ်ထွန်း နိုင်ပေ။ သူတစ်ပါး လက်၌ရှိသော ဥစ္စာသည် ကိုယ်ပိုင် ဥစ္စာ မဟုတ် ၊ စာအုပ်ထဲတွင် ရှိနေသော အတတ်ပညာ သည် အတတ်ပညာ မဟုတ်ဟု လောကနီတ ၌ စာပေကို ဖတ်ရှု၍ အသုံးချရန် လမ်းညွှန် ထားသည်။

သို့ဖြစ်ရာ မိမိတို့ ဘ၀ တိုးတက်ရေး အတွက် စာပေမှ အနှစ် အရသာ ကို ထုတ်ယူ သုံးစွဲနိုင်ရန် စာပေ ဖတ်ရှုသည့် အလေ့အကျင့် ကို မွေးမြူ၍ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ပါဝင်နိုင်အောင် ကြိုးပမ်း စွမ်းဆောင် သွားရမည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။ ။

(၂၅-၁၁-၂၀၁၃ ရက်နေ့ထုတ် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော်)


No comments:

Post a Comment