Pages

Friday, November 22, 2013

သူလျှိုလုပ်ရပ်ကြောင့် သြစတြေးလျ နှင့် ပူးတွဲစစ်ရေး လေ့ကျင့်ခန်းများ အင်ဒိုနီးရှား ရပ်ဆိုင်း


ဂျကာတာ ၊ ၂၂-၁၁-၂၀၁၃

အင်ဒိုနီးရှား သမ္မတ ဆူစီလိုဘမ် ဘန်းယူဒိုရိုနို က သြစတြေးလျ နှင့် ဆောင်ရွက် နေသည့် လူမှောင်ခို ကူးမှု တိုက်ဖျက်ခြင်း ၊ ပူးတွဲစစ်ရေး လေ့ကျင့်ခြင်း နှင့် ထောက်လှမ်းရေး သတင်း အချက်အလက် ဖလှယ်ခြင်း တို့ အပါအဝင် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှု များအား ရပ်ဆိုင်းကြောင်း နိုဝင်ဘာ၂ဝ ရက်တွင် ကြေညာ ခဲ့ပြီးနောက် အင်ဒိုနီးရှား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုလ်ဒိုကို သည် သြစတြေးလျ တပ်ဖွဲ့များ နှင့် ပြုလုပ်သည့် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း အားလုံးကို ရပ်ဆိုင်း ခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက် အင်တာနက်သတင်းတစ်ရပ်အရသိရသည်။ သြစတြေးလျနိုင်ငံမြောက်ပိုင်း ဒါဝင်မြို့တွင် နိုဝင်ဘာ ၂၄ ရက်ထိ ပြုလုပ် သွားမည့် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း ကို ရပ်ဆိုင်းခဲ့ပြီး ပါဝင် လေ့ကျင့် နေသည့် အင်ဒိုနီးရှား လေတပ်၏ F-16 တိုက်လေယာဉ် ၆ စင်းကိုလည်း ပြန်လည် ခေါ်ယူမည် ဖြစ်ကြောင်း ၊ အင်ဒိုနီးရှား နိုင်ငံ အနောက် ဂျာဗားပြည်နယ် လမ်ဘန်မြို့ တွင် အင်ဒိုနီးရှား ကြည်းတပ် အထူးတပ်ဖွဲ့ ( Kopassus ) နှင့် ပြုလုပ်မည့် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကိုလည်း ရပ်ဆိုင်း ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး မိုလ်ဒိုကိုက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ဆက်စပ်သတင်းများ





No comments:

Post a Comment