Pages

Monday, October 7, 2013

ရုရှားနိုင်ငံ က S-300 အမျိုးအစား လေကြောင်းရန် ကာကွယ်ရေး စနစ်များကို အီရန်နိုင်ငံသို့ ပေးအပ်ရန် ကတိပြု ခဲ့သည်ဟုဆို


S-300PMU2


မော်စကို ၊ ၇-၁၀-၂၀၁၃

ရုရှားနိုင်ငံမှ အီရန်နိုင်ငံ သို့ လွှဲပြောင်း ပေးအပ်ရန် ကျန်ရှိနေသော S-300 အမျိုးအစား လေကြောင်းရန် ကာကွယ်ရေး စနစ်များ လွှဲပြောင်း ပေးအပ်ရေး နှင့်ပတ်သက် ၍ ဆွေးနွေးမှုများ သည် အီရန်နိုင်ငံ အတွက် ကျေနပ် အားရဖွယ် ရှိလိမ့်မည် ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Marziyeh Afkham က အောက်တိုဘာ ၅ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ သည် ရုရှားနိုင်ငံ လုပ် S-300 အမျိုးအစား လေကြောင်းရန် ကာကွယ်ရေး စနစ် ၅ ခု ဝယ်ယူရန် အတွက် အမေရိကန် ဒေါ်လာသန်း ၈ဝဝ တန်ဖိုးရှိသော သဘောတူ စာချုပ် တစ်ရပ်ကို ၂ဝဝ၇ ခုနှစ်တွင် သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။ သို့သော် ၂ဝ၁ဝ ခုနှစ်တွင် ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်က အဆိုပါ စာချုပ် ဖျက်သိမ်း ခဲ့သဖြင့် အီရန်နိုင်ငံသည် ရုရှား နိုင်ငံထံမှ အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ရရှိရေး ဂျီနီဗာမြို့ရှိ နိုင်ငံတကာ တရားရေး ခုံရုံးတွင် ရုရှားနိုင်ငံအား တရားစွဲဆို ခဲ့ကြောင်းနှင့် လက်ရှိ အချိန်တွင် အဆိုပါ ကိစ္စရပ်ကို ဆိုင်းငံ့ ထားကြောင်း သိရသည်။


ရုရှားနိုင်ငံ အနေဖြင် အီရန် နိုင်ငံ၏ တရားစွဲဆိုမှု ကိုရုပ်သိမ်းရန် အတွက် S-300 လေကြောင်းရန် ကာကွယ်ရေး စနစ်နေရာတွင် Tor အမျိုးအစား လေကြောင်းရန် ကာကွယ်ရေး စနစ်ကို အစားထိုး ကမ်းလှမ်းခြင်း ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ အဆိုပါ ကမ်းလှမ်းမှုကို အီရန်နိုင်ငံက ငြင်းပယ် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment