ရန်ကုန် ၊ ၇-၁၀-၂၀၁၃
နည်းပညာ ပူးပေါင်း ဆောင်ရွက်ရန် မြန်မာ
တက္ကသိုလ် နှစ်ခု နှင့် ဂျပန် တက္ကသိုလ် ခုနှစ်ခု တို့ အောက်တိုဘာလ ၄ ရက်က ရန်ကုန် နည်းပညာ
တက္ကသိုလ် တွင် သဘောတူ လက်မှတ် ရေးထိုး လိုက်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ် များမှာ ရန်ကုန် နည်းပညာ
တက္ကသိုလ် ( YTU ) ၊ မန္တလေး နည်းပညာ တက္ကသိုလ် ( MTU ) နှင့် ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ်
နှင့် Six National University Network ( အမျိုးသား တက္ကသိုလ် ခြောက်ခု ကွန်ရက် ) အဖွဲ့ဝင်
ချီဘာ တက္ကသိုလ် ၊ နီဂါတာ တက္ကသိုလ် ၊ ကာနာဇာဝါ တက္ကသိုလ် ၊ အိုကာယာမ တက္ကသိုလ် ၊ နာဂါစာကီ
တက္ကသိုလ် နှင့် ကူမာမိုတို တက္ကသိုလ် တို့ ဖြစ်သည်။
သိပ္ပံ နှင့် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာ ကိုကိုဦး က " သဘောတူ ညီချက်အရ မြန်မာနိုင်ငံ က ဆရာ ဆရာမ တွေကို
ဂျပန်မှာ ခေါ်ယူ ပို့ချပေးမှာ ရှိသလို ဂျပန်က ဆရာ ဆရာမ တွေလည်း ဒီမှာ လာသင် ပေးမှာပါ
... " ဟု ပြောကြား ခဲ့သည်။
ဂျပန် အစိုးရ ၏ ပံ့ပိုး ကူညီမှုဖြင့်
ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA က ထောက်ပံ့ ကူညီ ပေးသွားမည်
ဖြစ်ပြီး အဆိုပါ သဘော တူညီချက် အရ JICA မှ လိုအပ်သော ထောက်ပံ့မှု များအတွက် အမေရိကန်
ဒေါ်လာ ၁၃ ဒသမ အ သန်းကို ကူညီ ပေးသွားမည် ဟု သိရသည်။
အဆိုပါ စီမံကိန်း အရ မြန်မာ တက္ကသိုလ်
နှစ်ခုတွင် မြို့ပြ အင်ဂျင်နီယာ ဌာန ၊ စက်မှု အင်ဂျင်နီယာ ဌာန ၊ လျှပ်စစ် အင်ဂျင်နီယာ
ဌာန ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ ဌာန ၊ မဂ္ဂါထရောနစ် အင်ဂျင်နီယာ ဌာန ၊ သတင်း အချက်အလက်
နည်းပညာ ဌာန တို့ကို အဆင့်မြှင့်တင် သွားမည် ဖြစ်ပြီး စီမံကိန်း ကာလမှာ ၂၀၁၃ ခုနှစ်
အောက်တိုဘာလ မှ ၂၀၁၈ ခုနှစ် အထိ ငါးနှစ် သတ်မှတ် ထားကြောင်း သိရှိရသည်။
No comments:
Post a Comment