Pages

Tuesday, October 22, 2013

ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ( ဗဟန်းနယ်မြေ ) တွင် အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ သင်တန်းဖွင့်မည်


ရန်ကုန် ၊ ၂၂-၁၀-၂၀၁၃

သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန ၊ ရန်ကုန်တွင် ကွန်ပျူတာ တက္ကသိုလ် ( ဗဟန်းနယ်မြေ ) တွင် အချိန်ပိုင်း ဘွဲ့လွန် ဒီပလိုမာ သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

ဖွင့်လှစ်မည့် သင်တန်း များမှာ Post Graduate Diploma in Web Engineering ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်သည်။ သင်တန်း ချိန်မှာ စနေနှင့် တနင်္ဂနွေ နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြား ရမည် ဖြစ်ပြီး တနင်္လာနေ့ မှ သောကြာနေ့ အထိ ညနေ ၄ နာရီမှ ညနေ ၆ နာရီအထိ လက်တွေ့ အချိန်များ သတ်မှတ်၍ သင်ကြား ပို့ချ ပေးသွားမည် ဖြစ်သည်။

သင်တန်း ကာလမှာ ၄၂ ပတ် ဖြစ်ပြီး သင်တန်းကြေး မှာ ကျပ် ၃ သိန်း ဖြစ်သည်။ သင်တန်းသို့ ကွန်ပျူတာ ဘာသာရပ် နှင့် ၄င်းနှင့် ဆက်စပ် ဘာသာရပ်ဖြင့် ဘွဲ့ရထားသူများ လျှောက်ထား နိုင်ပြီး လျှောက်လွှာ များကို နိုဝင်ဘာ ၁၁ ရက် နောက်ဆုံး ထား၍ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ( ဗဟန်းနယ်မြေ ) တွင် လျှောက်ထား ရမည် ဖြစ်သည်။

သင်တန်းသား ဦးရေ ၃၀ ဦးသာ လက်ခံ သင်ကြား ပေးမည် ဖြစ်ပြီး သင်တန်း ၀င်ခွင့် ရရှိရန် စာမေးပွဲ ဖြေဆိုရမည် ဟု သိရသည်။ အသေးစိတ် သိရှိလို သူများ အနေဖြင့် ဖုန်း ၀၁- ၅၃၇ ၃၉၃ သို့ ဆက်သွယ် မေးမြန်း စုံစမ်း နိုင်ကြောင်း သိရှိရသည်။


အင်တာနက်

No comments:

Post a Comment